
Thursday, February 7, 2013
Firewall ကို ပိတ်/ဖွင့် ထားသင့်သလား....?
Firewall တွေက System ရဲ့ အရေးကြီးတဲ့ အပိုင်းပါပဲ။ ဒါပေမဲ့ Applicataion၊ malware ၊ ဒါမှမဟုတ် လူတွေက တစ်ခါ တလေမှာ Firewall ကိုပိတ်ထားတတ်ကြပါတယ်။ Third party firewall အများစုကတော့ သူတို့ ပိတ်နေတယ်ဆိုတာ ကိုယ့်ကိုပြောပြနိုင်ပါတယ်။ ဒါပေမဲ့ Buit-in windows firewall ကတော့ပိတ်ထားခံရသလားဆိုတာသိဖို့နည်းနည်းခက်တယ် ပါတယ်။ အခုဖော်ပြမယ့် ရိုးရှင်းတဲ့ အဆင့်လေးတွေက Windows firewall ကိုပွင့်နေစေမှာဖြစ်ပါတယ်။
Screen ရဲ့ညာဘက်ထောင့်မှာ အနီရောင်ဒိုင်းပုံစံလေးပေါ်နေသလားဆိုတာကြည့်ပါ။ တွေ့တယ်ဆိုရင် ကလစ်နှိပ်ကြည့်ပါ။ ဒါက PC ရဲ့ Firewall ပိတ်နေရင်လည်းဖော်ပြတတ်ပါတယ်။Windows security center ကနေလည်းကြည့်နိုင်ပါတယ်။ Start ထဲက Control Panel ကိုဝင်ရပါမယ်။ပြီးနောက် security center ကို click လုပ်ပါ။
ဒါမှမဟုတ်Start Run ထဲဝင်ပြီး Firewall.cpl ဆိုပြီးရိုက်ပါ။ ပြီးရင် Ok နှိပ်ပါ။ပြီးနောက်.... Windows security center မှာ Windows firewall ကို Mangage လုပ်နိုင်တဲ့ Setting တွေကို တွေ့ရမှာပါ။ အစိမ်းရောင်က Firewall ပွင့်နေတယ်ဆိုတာ ဖော်ပြပြီး အနီရောင်က On ခလုတ်ကိုနှိပ်ဖို့ လိုအပ်တဲ့အခါမျိုးမှာ Connect မဖြစ်ဘူးဆိုတာ ဖော်ပြနေတာဖြစ်ပါတယ်။

Social Networking နှင့် ဖိုးဖိုး၊ဖွားဖွား
Social Networking ဘယ်ကစ
- အများသူငါ သုံးစွဲနေကြတဲ့ Facebook သုံးမှပဲ Social Networking ဖြစ်ရတော့မှာလား။ ဟိုးရှေးပဝေသဏီကတည်းက ရှိလာခဲ့ကြတဲ့ လူမှုအဖွဲ့အစည်းတွေကတော့ Social Network တွေမဟုတ်ဘူးလား။
- ( နည်းပညာတွေသုံးပြီး Internet နဲ့ ဆက်သွယ်မှပဲ Communication ဖြစ်ရောလား)
- တစ်ရွာနဲ့ တစ်ရွာ အုန်းမောင်းခေါက် အချက်ပေးတာတွေ၊ မီးခိုးနဲ့ အချက်ပြတာတွေကရော Communication မဖြစ်ရတော့ဘူးလား။