Saturday, February 23, 2013

BIOS & CMOS SETUP

Youth Network Services Center (BIOS & CMOS) ဘိုင်အို့နှင့် စီမော့(စ်) သည် ကွန်ပျူတာစနစ်၏ အသွင်အပြင်များ (Configuration) လျှပ်စစ်ဓါတ်အားကို မိမိအလိုရှိသလို စီစဉ်နိုင်ရန် (Power-Management) အစရှိသည်တို့ကို ပြုပြင်နိုင်ရန် အသုံးပြုရသော ပရိုဂရမ်တစ်ခုဖြစ်ပါသည်။ ၄င်းပရိုဂရမ်သို့ ၀င်ရောက်ရန် ကွန်ပျူတာ၏ မာသားဘုတ်အမျိုးမျိုးလိုက်ကွဲပြာမှုရှိပါတယ်။ တချို့ကွန်ပျူတာစနစ်တွင် ( Press "Del" to Enter Setup ) ဟူသော အသိပေး စာတမ်းပေါ်လာချိန် "Del" ခလုပ်ကိုနှိပ်ပေးရပါသည်။
၎င်းတွင် မီနူးဘား ( Menu Bar ) တစ်ခုပါပြီး ၄င်းပေါ်တွင် မီနူး ခေါင်းစဉ်များသည် မိမိ၏ Motherboard အမျိုးအစားအလိုက်ပါရှိပါသည်။
ဥပမာ ခေါင်းစဉ် ( ၅ ) ခုပါရှိပါသည်။
  1. Main
  2. Advanced
  3. Power
  4. Boot
  5. Exit တို့ဖြစ်ကြပါသည်။
  1. Main
  2. Main မီနူးသည် စနစ် အချိန်၊ နေ့စွဲ ။ ဟာ့ဒ်ဒစ် အစရှိသည်တို့ကို ပြောင်းလဲလုပ်ရန် ဖြစ်ပါသည်။
  3. Advanced
  4. Advanced သည် စီပီယူအမြန်နှုန်း၊ မှတ်ဥာဏ် (Memory) အစရှိသည်တို့ကို ပြောင်းလဲမှု ပြုလုပ်နိုင်ရန်ဖြစ်သည်။
  5. Power
  6. Power သည် ဟာ့ဒ်ဒစ်နှင့်ပြစက် မှန်ပြင်(Monitor) တို့၏ လျှပ်စစ် ဓါတ်အားသုံးစွဲမှုကို ချိန်ညှိနိုင်ရန်ဖြစ်ပါသည်။
  7. Boot
  8. Boot သည် စက်နှိုးအစီအစဉ် (Boot Sequence ) ကိုမိမိ စိတ်ကြိုက် ရွေးချယ်သတ်မှတ်နိုင်ရန် ဖြစ်ပါသည်။
  9. Exit
  10. Exit သည် အထက်ပါတို့အား မိမိစတ်ကြိုက်ရွေးချယ်မှု ပြုပြီးသော အခါ မှတ်ဥာဏ်တွင် သိမ်းရန်နှင့် စီမော့စ်မှ ထွက်ရန်ဖြစ်ပါသည်။