Youth Network Services Center
Mobile Phone battery သက်တမ်းကြာကြာခံအောင် ပြုလုပ်ပုံအဆင့်ဆင့်
Phone ၊ ဒါမှမဟုတ် tablet တွေရဲ့ battery သုံးစွဲခြင်းကို သက်သာအောင် setting တချို့ကိုပြင်ဆင်နိုင်ပါတယ် ၊ Adjust လုပ်ရတာ လွယ်ကူပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်များ.....
Screen ကို Dim လုပ်ပါ
Auto-brightness feature ကိုအသုံးပြုတာက အားမြန်မြန်ကုန်စေပါတယ်။ ဒါကြောင့် lighting level နဲ့ system activity ကို အနည်းဆုံးဖြစ်အောင်ချိန်ပါ။
Screen time-out
တချို့ ဖုန်းတွေမှာ screen ကို ပိတ်လိုက်ဖို့ ခလုတ်တွေ ပါတတ်ပါတယ်။ ဒီလိုမှမဟုတ်လည်း အချိန်တစ်ခု သတ်မှတ်ထားပြီး ပိတ်သွားအောင်စီစဉ်နိုင်ပါတယ်။ စက္ကန့် ၃၀ ကနေ တစ်မိနစ်အကြား ကတော့အကောင်းဆုံးဖြစ်ပါတယ်။
Wi Fi
Wi-Fi သုံးမနေဘူးဆိုရင် ပိတ်ထားပါ။ ဒီလိုပဲ bluetooth ကိုလည်း မသုံးရင်ပိတ်ထားပါ။
Notification
IOS user ဆိုရင်တော့ notification တွေကို ပိတ်ဖို့ ၊ ကန့်သတ်ဖို့ application တစ်ခုချင်းစီအလိုက် ဆောက်ရွက်ရမှာ ဖြစ်ပါတယ်။ Settings >> Noticications အတိုင်းသွားပြီး application တစ်ခုချင်းစီကို သတ်မှတ်ရမှာဖြစ်ပါတယ်။ Notification center ကိုလည်း ၀ff လုပ်ထားရမှာ ဖြစ်ပါတယ်။
Android သုံးစွဲသူဆိုရင်တော့ မသုံးတဲ့ service တွေကို sync မလုပ်အောင် ကန့်သတ်ထားရမှာ ဖြစ်ပါတယ်။ Settings >> Accounts ကိုသွားပါ။ မသုံးတဲ့ account တွေကို Sync မလုပ်အောင်ပိတ်ပါ။
Apps and options
iOS မှာမလိုအပ်တဲ့ application တွေကိုပိတ်ပါ၊ Home button ကို double tap လုပ်ပါ၊ X ဆိုတဲ့ပုံ ပေါ်လာတဲ့အထိ icon ကိုဖိထားပါ။ X ကိုနှိပ်ပြီး close လုပ်ပါ။ (မှတ်ချက်) Windows 8 သုံးတယ်ဆိုရင်တော့ battery saver ဆိုတဲ့ application ကတာဝန်ယူပြီး ဆောင်ရွက်ပေးပါလိမ့်မယ်။
Airplane Mode
Airplane mode က phone ရဲ့ Wireless မှန်သမျှကို Disable လုပ်လိုက်မှာဖြစ်ပါတယ်။ Phone လည်းပြောလို့ရမှာ မဟုတ်ပါဘူး။ Wi-Fi ၊ Bluetooth ၊ GPS တို့အကုန်လုံးပိတ်သွားပါလိမ့်မယ်။
Location Service
Location service ကိုပိတ်ထားခြင်းဖြင့် battery ကုန်တာသက်သာသွားမှာဖြစ်သလို နိုင်ငံခြားခရီးသွားနေတာဆိုရင်လည်း ငွေကုန်သက်သာစေမှာဖြစ်ပါတယ်။
Vibrate
Vibration သုံးထားရင် ringtone သုံးတာထက် battery ပိုကုန်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ပြောရရင် Phone ကိုအလွန်အေးခြင်း၊အလွန်ပူခြင်းမဖြစ်အောင် ကာကွယ်ပါ။အတိအကျပြောရရင် ၃၂ မှ ၉၅ ဒီဂရီဖာရင်ဟိုက်အကြားမှာပဲထားပါ။
Ref: pcworld march 2013 ( ပြန်လည်မျှဝေခြင်း )