Tuesday, January 29, 2013
Windows O/S လုပ်ငန်းစဉ်
ကွန်ပျူတာ ကိုပါဝါ ဖွင့်လိုက်သည်နှင့် အမာထည်လျှပ်စစ်စီးပြားများတွင် လျှပ်စစ်စတင်စီးဆင့်ပြီး ၀င်းဒိုး စနစ်ကို လည်ပတ်နိုင်လောက်သော ပစ္စည်းများ ကောင်းမွန်စွာ လည်ပတ်ရဲ့လားဆိုတာ စတင်စစ်ဆေးပါတယ်။ လည်းကောင်းကို Boot Strating လုပ်တယ်လိုဆိုပါတယ်။ တပ်ဆင်ထားသည့် Hardware ပိုင်းဆိုင်ရာများဖြစ်တဲ့ Devices များတပ်ဆင်ထားသမျှတို့ ကို ကောင်းမွန်ကြောင်းအတည်ပြုချက်ကို Power On Self Test(POST) လိုခေါ်ပါတယ်။ ပြီးလျှင် Windows တက်ရန် windows OS ကို စတင်ဖို့အတွက် O/S Boot ကိုရှာဖွေပါတယ်။
Hard disk မှာရှိလျှင် တန်းတက် သွားပြီး၊ Hard disk ပျက်နေလို့၊ ဒါမှမဟုတ် OS Boot မရှိလျှင် OS Boot Disk တစ်ခုခုပေးဖိုတောင်းဆိုလာပါလိမ့်မယ်။..........
ကွန်ပျူတာကို စတင်ဖွင့်လိုက်သည်နှင့် Windows OS စတင်ရန်အတွက် Boot File တွေ လိုအပ်ပါတယ်။ Windows OS အတွက် အရေးပါဆုံး System File တွေကတော့- IO.SYS , CONFIG.SYS, MSDOS.SYS, AUTOEXE.BAT, NTDETECT.COM တို့ ဖြစ်ပါတယ်။ ဒီထက်ပို သိသင့်တဲ့ Essential Startup Process File တွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၎င်းကို Boot or Root Directory လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ Essential Startup Process File အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ Ntldr Windows စတင်မှုအတွက် Boot.ini File ကို ဖတ်ပါတယ်။ Windows စတင်ရန် မရှိမဖြစ် Ntoskrnl.exe, Bootvid.dll, Hal.dll တွေကို ရှာဖွေ မောင်းနှင်ပါတယ်။ ၎င်းတို့နှင့်အတူတကွ Device Driver တွေကိုလည်း ရှာဖွေ မောင်းနှင်ရပါတယ်။ Boot.ini Windows စတင်မှုအတွက် Install Control File ဖြစ်ပါတယ်။ Ntdetect.com Ntldr စတင်မှုတါင် ပါဝင်လုပ်ဆောင်ပါတယ်။ တပ်ဆင်ထားတဲ့ Basic Device တွေကို Executes and loading တွေကို တာဝန်ယူပါတယ်။ Pagefile.sys Memory, Physical RAM တွေကို စစ်ဆေးအတည်ပြုပေးပါတယ်။ Windows OS လိုအပ်သော Memory ပမာဏနှင့် Application လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်ပါတယ်။ Ntbootdd.sys Ntldr စတင်မှုတွင် ပါဝင်လုပ်ဆောင်ပါတယ်။ Boot-Code တွေကို disk တွေပေါ်မှာ ထိန်းချုပ်စီစဉ် ပေးပါတယ်။ Boot System နဲ့ System Drives တွေကို သဟဇာတဖြစ်အောင် စီမံပေးသူလည်း ဖြစ်ပါတယ်။ အထက်ပါ Essential Startup Process File တွေကို Hacker တွေ၊ Virus ရေးသူတွေဟာ မျက်စိကျကြပါ တယ်။ စနစ်တစ်ခုလုံး၏ အသက်သွေးကြောတွေ ဖြစ်နေလို့ပါ။
No comments:
Post a Comment