ကွန်ပျူတာမှာ Motherboard မကောင်းတော့ဘူးဆိုရင်.......
Motherboard ကကွန်ပျူတာတစ်ခုလုံးမှာ အရေးကြီးဆုံး အစိတ်ပိုင်း တစ်ခုလို့ပြောလို့ရပါတယ်(သူနဲ့ဆက်စပ်လုပ်ဆောင်တဲ့ Component တွေကကောင်းမွန်မှသာလျင် အလုပ်တွင်ကျယ်မှာဖြစ်ပါတယ်...
ဆိုကြပါစို့ RAM စိုက်တဲ့ Slot ကမကောင်းတော့ဘူး...ဒါမှမုတ်ရင် Northbridge,Southbridge,SuperI/O တစ်ခုခုချို့ယွင်းခဲ့မယ်ဆိုရင် အလုပ်လုပ်ရာတွင်အဆင်မပြေပါ...ထို့ကြောင့်ကွန်ပျူတာသည် restartကျမယ် Heat ထွက်လာမယ်သတ်မှတ်ထားတဲ့အပူချိန်ကျော်ရင်cutoffလုပ်မယ် restart ပြန်ကျမယ်...အဲဒီမှာတင်လည်နေမယ်ဆက်သုံးနေရင် တခြားcomponent တွေပါထိခိုက်နိုင်တယ်...
မှတ်ရန်......မားသားဘုတ်မကောင်းတော့လို့သုံးမရတော့တဲ့ အခြေအနေတွေဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ အောက်က devices တွေကြောင့်ဖြစ်နိုင်ပါတယ်...အများအားဖြင့်...................
- CPU
- RAM
- VGA
- ROMBIOS
- NORTHBRIDGE
- SOUTHBRIDGE
- ENVIROMENT
- MAINBOARD COMPONENTS
- CPU
ဝင်းဒိုးတက်မလာဘူး...cpu ကြောင့်လို့သံသယရှိခဲ့ရင် မိမိ cpu နဲ့အမျိုးအစားတူ socket အမျိုးစားတူတဲ့cpu ကိုတပ်ဆင်ကြည့်ပါ..ထိုကဲ့သို့တပ်ဆင်ထားသော်လည်းဝင်းဒိုးမတက်လာခဲ့ရင် processor ကိုcutoff လုပ်လိုက်ပါ မိမိcpu ကိုလည်းအခြားအမျိုးအစားတူမားသားဘုတ်မှာစမ်းလို့ မှအဆင်ပြေတယ်ဆိုရင် socket အလုပ် မလုပ် တာသေချာသွားပါပီ..ထို့ကြောင့် socket အလုပ်မလုပ်မှတော့ ကျန်တဲ့အစိတ်အပိုင်းကောင်းနေသော်လည်းMotherboard ကိုအသုံးပြုမရတော့လို့
MOtherboard ပျက်တယ်လို့ ယူဆလို့ရပါတယ်....RAMRAM တွေကိုဖြုတ်ပီးလှဲလှယ်စမ်းသပ်ကြည့်လိုက်ပါ....မိမိလှဲလှယ်လိုက်တဲ့RAM ကလည်းကောင်းမွန်စွာ လုပ်ဆောင်နေဖို့လိုပါတယ်...ဘာလို့လဲဆိုတော့မိမိလဲလှယ်လိုက်တဲ့RAM ကကောင်းမကောင်း သိမထားရင် RAM ကောင်းပါရက်နဲ့ MOtherboard မကောင်းတော့ဘူးလို့ မှတ်ချက်ချလွှဲသွားမှာဖြစ်ပါတယ် ဒါကြောင့်RAM ကောင်းဖို့လိုပါတယ်..မိမိRAMကိုလည်းတစ်ခြားစက်မှာစမ်းသပ်ပြီးပြီ သူများရဲ့ RAM ကို လည်းမိမိဆီမှာ
စမ်းသပ်ပြီးပြီ ဒါလည်းဝင်းဒိုးကတက်မလာ BIOS အချက်ပေးတဲ့ Beep အသံကတော့ကြားရနေပေမဲ့ RAM ကြောင့်ဖြစ်တယ်ဆိုတာခန့်မှန်းလို့ ရပါတယ်...သိုံသော်လည်း RAM Slot (bank) တွေမကောင်းတော့ရင်လည်းဖြစ်တက်ပါတယ်..ဒါကြောင့်လည်းကောင်း RAM Slot များကိုလည်းသန့်ရှင်းရေးလုပ်ပေးလိုက်ပါ...ဒါမှအသုံးပြုလို့ မရနိုင်တော့ပါ(RAM ကလည်း motherboard မှာ မရှိမဖြစ်လိုအပ်နေလိုပါပဲ...
VGAVGAလည်း RAM နည်းတူပါပဲနော် ...Bios မှ Beep အသံတွေထုတ်ပေးသော်လည်း အလုပ်မလုပ်လျင် သုံးလို့မရတော့ပါ (သို့သော်အဖြစ်နည်းပါတယ်)built in ကအလုပ်မလုပ်ရင်တောင် onboard ထပ်စိုက်ပြီးအသုံးပြုရင်ရနေပါဦးမယ်...On board ထပ်စိုက်သော်လည်း ယခင်ကကဲ့သို့Beep သံတွေထုတ်ပေးနေပြီးဘာမှပေါ်မလာဘူးဆိုရင်...Motherboard သုံးမရတော့ပါ..ကျန်တဲ့စိတ်ပိုင်းတွေကောင်းပေမဲ့လို့ VGA ရဲ့သွေးကြောတွေကုန်ပြီဆိုမှတော့Motherboard ပျက်ပြီပေါ့..မှတ်ချက်(တကယ်လို့အဲလိုဖြစ်ခဲ့တဲ့လူရှိရင်လည်းအင်မတန်ကံဆိုးတဲ့ လူလို့ပြောရမယ်ထင်တယ်)မောင်ကံဆိုးပေါ့
ROMBIOSRombios ကတော့တော်ရုံတန်ရုံမပျက်ပါဘူး..Bios ပျက်ရင် Motherboard ပျက်တတ်ပါတယ် System နဲ့ ပတ်သက်တဲ့အချက်အလက်တွေ Hardware Devices တွေကောင်းမကောင်းကိုစစ်ဆေးပေးပြီးသူက အဖြေထုတ်ပေးပါရတယ်...အဲဒီအဆင့်မှာတင်Bios ကအလုပ်မလုပ်တော့ဘူးဆိုရင် အဆင်မပြေနိုင်တော့ါပ...ရှေ့ဆက်သွားမည်လည်းမဟုတ်ပါ..တစ်နည်းအားဖြင် Boot လုပ်မည်မဟုတ်တော့ပါ...Bios Chip လေးတွေက Motherboard ပေါ်မှာ အသေတပ်ဆင်ထားပါတယ်..သူက(Firmware)ဖြစ်ပါတယ်..Bios ကိုUpgarde လုပ်တဲ့အခါမျိုးမှာသူနဲ့ အမျိုးအစားခင်းမတူတဲ့...Softwareကိုသွင်းမိတာတို့ Bios UPgarde လုပ်နေစဉ်မီးပျက်သွားတာတိုံဖြစ်ခဲ့မယ်ဆိုရင်Bios Program တွေကမောက်ကမဖြစ်သွားပီးကြောင်သွားနိုင်ပါတယ်..ထိုကဲ့သို့ Bios ကြောင်သွားရင်လည်း motherboard ပျက်တယ်လို့ယူဆရပါတယ်..
NorthBridgeCPU နဲ့ RAM ကြားမှာသူက Controller အဖြစ်နဲ့အလုပ်လုပ်ပါတယ်...MCC လို့လဲခေါ်ကြပါတယ်..NorthBridge ပူလာပြီးRestart ခနခနကျတက်တဲ့သဘောရှိပါတယ်...လည်းကောင်းပုံစံဖြစ်ရင်လည်း Motherboard ကသုံးမရတော့ပါ....
SouthBridgeSouthbridge ကလည်းNorthbridge နည်းတူပါပဲ...အဓိက ကတော့အပူကြောင့်ဘဲဖြစ်ပါတယ်..ဒါကြောင့် Electronic Devices နဲ့  Heat တွေကမတည့်အတူနေကြတဲ့...ဒါကြောင့် MOtherbard ကိုင်တော့မယ်ဆိုရင် Heat သတိထားရပါမယ်...လူbody ကထွက်တဲ့ ESD ကလည်းကြောက်ဖို့ကောင်းတယ်နော်..ဘာမဟုတ်တာလေးနဲ့southbridge ကိုထိမိပီးအပူလောင်သွားတာမျိုးဆိုရင် သူကအလုပ်တော့လုပ်နိုင်ပါတယ် ဒါပေ့မယ် short ဖြစ်ထားတဲ့ဒဏ်ကြောင့် အပူချိန်လွန်ကဲလာတာနဲ့ အမျှ processor ကနေRestart (သို့)Shutdown ချတတ်ပါတယ်...ဒါကြောင့်လည်းကောင်းဒီလည်းMotherboard မကောင်းတဲ့ အချက်ဖြစ်ပါတယ်..
Enviromentသဘာဝပတ်ဝန်းကျင်စို့ထိုင်းမှု့ ရေငွေ့ ဖုန်မှုန့် တွေဝင်ထွက်များမှုကြောင့် အဓိက support လုပ်ပေးမဲ့နေရာတွေကို သွားပီးအဲဒီဖုန်မှုန့်တွေရေငွေ့ နေရာယူလိုင်ရင်လဲဖြစ်တတ်ပါတယ်..အထူးမှတ်သာရန်(တရားသေ မားသားဘုတ် ပျက်တယ်လို့ ယူဆလို့ မရတဲ့အထဲမှာ Enviroment အခြေအနေကိုပါထည့်စဉ်းစားဖို့ လိုအပ်တယ်...မားသားဘုတ် အလုပ်မလုပ်တော့ဘူးဆိုရင် ထည့်စဉ်းစားစရာ အချက်ကလေးဖြစ်ပါတယ်.....စဉ်းစားရန်)
Mainboard ComponentsMotherboard ပေါ်မှာကြည့်လိုက်ရင် တပ်ဆင်ထားတဲ့Electronic component တွေက စက်ရုံမှာကတည်းက Quality တွေကို သေသေချာချာ စစ်ဆေးပီးဈေးကွက်ကိုတင်သွင်းတယ်ဆိုပေမဲ့ အပျက်အစီးအနည်းနဲ့ အများတော့ရှိမှာပါ..Capacitor ခေါင်းလေတွေရဲ့ထိပ်တွေကသာမန်မဟုတ်ပဲ အပူကြောင့်ဖောင်းပွနေတာမျိုး နည်းနည်းမျှအမှားယါင်းမခံပါ.. Short ဖြစ်ပီး capacitor ခေါင်းပွင့်သွားတာမျိုးတွေရှိခဲ့ဘူးပါတယ်...သူ့ကိုပြန်ပီးတော့ capacitor ကိုလဲလှယ်လို့မရနိုင်သလို Transitorတို့ Resistor စသဖြင့်တို့လည်းလဲလိုမရပါ..Electronic Circuit ဘုတ်တစ်ခုမှာ Component တစ်ခုမကောင်းလို့ဖြုတ်လဲလို့ရပေမဲ့ Motherboard လို ဟာမျိုးကျတော့ မလွယ်ပါဘူး...သူက Circuit ပတ်လမ်းတွေကို စက်နဲ့ ရိုက်ထားတာဖြစ်ပါတယ်..ဖြုတ်မယ်ဆိုရင်တောင် Component ရဲ့ဘေးမှာရှိနေတဲ့ ပတ်လမ်းတွေကို ထိခိုက်သွားနိုင်ပါတယ်..
No comments:
Post a Comment