Friday, March 1, 2013
CCTV ဆိုတာ ?
Monday, February 25, 2013
ဆော့ဝဲလ်များ နှင့် Windows 7
ဆော့ဝဲလ်များ နှင့် Windows 7
Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။
ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။
" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။
" အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။( Negative ) အသံများ ကြားရ၏။ မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။ တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။
- Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
- Box ကျလာလျှင် Compatibility tab ကို ရွေးပါ။
- Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
- Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
- Apply လုပ် Ok ။
- မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်နိုင်ပါပြီ။ Ref: www.mgsaytanar.blogspot.com
Sunday, February 24, 2013
ပြဿနာဖြေရှင်းခြင်း[ Error Messages and Fixes ]
- ပထမဆုံး (Swap File ) ကို စစ်ဆေးသင့်ပါသည်။ Safe mode ဖြင့်စက်နှိုး၍ Virtual ကို လုပ်ခွင့်မပြု ( Disabled ) လုပ်ထားပါ။ (စက်ပြန်နှိုးပါ) Swap File သည်ပြဿနာဖြစ်ပေါ် စေသောအရာဖြစ်ပါက စနစ်သည် ပုံမှန်အတိုင်း စက်နှိုးမည်။ သို့သော် နှေးကွေးကောင်း နှေးကွေးနိုင်ပါသည် (Swap file) ကို လုပ်ခွင့်ပြု (Enable) တွင်ထား၍ စက်ပြန်နှိုးပါ။
C:\attrib -a -r -s -h C:\Windows\System\*.dat copy C:\Windows\System\*.da0 Windows\System\*.dat မှတ်ချက်။ ။ Windows 98 ဖြစ်ပါက Startup disk ဖြင့်စက်နှိုး၍ Windows Registry Chacker ကိုလုပ်ဆောင်ပါ။ A:\မှ အောက်ပါ အမိန့်ပေးစာတန်းကိုရိုက်ထည့်ပါ။
C:\Windows\Command\Scanreg/fix- ပထမအုပ်စုမှာ - ပစ္စည်းအသစ် (သို့မဟတု) ပရိုပရမ်တစ်ခု ထည့်သွင်းပြီးသောအခါ ဖြစ်ပေါ်တတ်သည့် ပရိုဂရမ် အချင်းချင်း တွဲဖက်သုံးစွဲနိုင်မှု (ဆီလျော်ညီညွတ်မှု မရှိခြင်း)(Software version incompatibilities)(သို့မဟုတ်)Resource Conflicts ကြောင့်ဖြစ်နိုင်သည်။
- ဒုတိယအုပ်စုမှာ "မည်သည့်နေရာမှ ဖြစ်ပေါ်သည်ဟု အမည်မတပ်နိုင်သော်(clockups from nowhere) ဖြစ်ပါသည်။ဗိုင်းရပ်ကြောင့်လည်းကောင်း၊စက်ကိရိယာ ပိုင်းဆိုင်ရာပြဿနာ (Hardware Problem)ကြောင့်လည်းကောင်းဖြစ်နိုင်ပါသည်။ အထူးသဖြင့် ပါဝါဆပ်ပလိုင်းမှတ်ဥာဏ်(RAM)၊ဟာဒ့်ဒစ် တစ်ခုခုကြောင့် ဖြစ်နိုင်ပါသည်။ပြဿနာ ပြေလည်သည်အထိ စမ်းသပ်အစားထိုး (test/replace) လုပ်ရပါသည်။ အလိုအလျောက်စက်ပြန်နှိုးခြင်း (spontaneous reboots ) သည် ဗိုင်းရပ်(သို့)စက်ကိရိယာပိုင်း ဆိုင်ရာကြောင့် ဖြစ်နိုင်ပါသည်။ ပါဝါဆပ်ပလိုင်းကို ဦးစွာစစ်ဆေးပါ။ ပြီးနောက် စီပီယူ ကိုစစ်ဆေးပါ။ အပူအလွန်ထွက်သော စီပီယူသည် အလိုအလျောက်စက်ပြန်နှိုးလေ့ရှိပါသည်။ စီပီယူ၏ ပန်ကာကောင်းမွန်စွာ လည်ပတ်မှု ရှိစေသင့်ပါသည်။