Friday, March 1, 2013

CCTV ဆိုတာ ?

Phoekhwar(ဖိုးခွါး) | 3:10 AM |
Youth Network Services Center CCTV ဆိုတာ ဘာလဲ ..?
CCTV ဆိုတာကို အင်္ဂလိပ်လို Closed Circuit Television လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ပတ်လမ်းပိတ်ရုပ်သံစနစ်ပါ။ ဆိုလိုတာက .. ကျွန်တော်တို့ သာမာန်ကြည့်နေတဲ့ ရုပ်သံစနစ်တွေက တစ်နေရာကနေထုတ်လွှင့်ပြီး မည်သူမဆို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ CCTV ကတော့ တစ်နေရာကဖမ်းယူထားတာကို တစ်နေရာတည်းကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောပါ။
>CCTV ကို ဘာအတွက် အသုံးပြုကြသလဲ ?
CCTV ကို လုံခြုံရေးကင်မရာအဖြစ် လူသိများကြပါတယ်။ စောင့်ကြည့်ကင်မရာအဖြစ်အသုံးပြုပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်လုံခြုံရေးအတွက်အသုံးပြုကြသလို၊ အလုပ်ရုံများ၊ ကုမ္မဏီ ရုံးခန်းတွေမှာလည်း ၀န်ထမ်း စည်းကမ်းထိန်းသိမ်းရေးအတွက် စောင့်ကြည့်သည့်အနေဖြင့် အသုံးပြုကြပါတယ်။ အချို့သော အငြင်းပွားဖွယ်ကိစ္စရပ်တွေမှာလည်း CCTV ရဲ့ ဆုံးဖြတ်ချက်ကို ရယူဆောင်ရွက်ကြပါတယ်။
CCTV ကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြသလဲ ?
CCTV ကို စက်ရုံ၊ အလုပ်ရုံ၊ ကုမ္မဏီ၊ ရုံးခန်း၊ အရောင်းပြခန်း၊ ဈေးဆိုင်ခန်း၊ ဆေးရုံ၊ ဆေးခန်း၊ ရွှေဆိုင်၊ စတိုးဆိုင်၊ အပေါင်ဆိုင်၊ နေအိမ်၊ ခြံဝန်း စသည်ဖြင့် နေရာစုံမှာ အသုံးပြုနေကြပါတယ်။ တန်ဖိုးကြီးပစ္စည်းရောင်းချသည့်နေရာများ၊ လူဝင်လူထွက်များသည့်နေရာများ၊ လုံခြုံရေးအထူးလိုအပ်သည့်နေရာများ၊ အ၀င်အထွက်မှတ်တမ်းတင်ရန် လိုအပ်သည့်နေရာတိုင်းတွင် အသုံးပြုသင့်ပါသည်။
CCTV အသုံးပြုခြင်းဖြင့် မည်သည့် အကျိုးများရရှိနိုင်သလဲ ?
CCTV အသုံးပြုခြင်းဖြင့် သူခိုး၊ ဓါးပြ စသည်ဖြင့် ခိုးဆိုးလုယက်သူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်နိုင်သလို၊ မိမိရဲ့ အသက်ကို အန္တရာယ်ပြုမည့်သူများ၏ ဘေးမှလည်း ကာကွယ်နိုင်ပါသည်။ ထို့ပြင် အမှုအခင်းများတွင် တရားခံဖော်ထုတ်နိုင် ရန်အတွက် များစွာ အထောက်အကူ ဖြစ်စေပါသည်။ ၀န်းထမ်းများ၏ စည်းကမ်းဖောက်ဖျက်ခြင်းကို တိတိကျကျအရေးယူဆောင်ရွက်နိုင်သလို လုပ်ငန်းခွင်အတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းကိုလည်း ဖော်ထုတ်အရေးယူနိုင်မှာ ဖြစ်ပါတယ်။
CCTV တပ်ဆင်ရန် မည်မျှ ကုန်ကျနိုင်သလဲ ?
မိမိတပ်ဆင်လိုသည့် အရေအတွက်ပေါ် မူတည်ပြီး ကုန်ကျနိုင်ပါသည်။ သို့သော် .. ယခုအခါ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ .. လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်လာခြင်း၊ မိမိအသုံးလိုရာ ရွေးချယ်ဝယ်ယူနိုင်ခြင်း .. စသည်တို့ကြောင့် ကုန်ကျစရိတ်မှာ များစွာသက်သာလာပြီး ပစ္စည်းအရည်အသွေးများမှာလည်း တိုးတက်ကောင်းမွန်လာပါသည်။

ဆက်လက်ဖတ်ရန်နှိပ်ပါ

Monday, February 25, 2013

ဆော့ဝဲလ်များ နှင့် Windows 7

Phoekhwar(ဖိုးခွါး) | 6:32 AM |
ဆော့ဝဲလ်များ နှင့် Windows 7
Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။
ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။
ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။
" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။
" အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။
( Negative ) အသံများ ကြားရ၏။ မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။ တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။
  1. Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
  2. Box ကျလာလျှင် Compatibility tab ကို ရွေးပါ။
  3. Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
  4. Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
  5. Apply လုပ် Ok ။
  6. မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်နိုင်ပါပြီ။
  7. Ref: www.mgsaytanar.blogspot.com

ဆက်လက်ဖတ်ရန်နှိပ်ပါ

Sunday, February 24, 2013

ပြဿနာဖြေရှင်းခြင်း[ Error Messages and Fixes ]

Phoekhwar(ဖိုးခွါး) | 7:25 AM |
Youth Network Services Center NO OS Found
NO OS Found Error Messages သည် စက်နှိုးမှုဖြစ်စဉ်တွင် IO.Sys (သို့) MSDOS.Sys ဖိုင်မတွေ့ခြင်း ၊ မကောင်းခြင်းကိုဖော်ပြပါသည်။ Startup Disk ကို အသုံးပြု၍ (သို့မဟုတ်) O/S ကိုပြန်၍ Repair ပြုလုပ်ပြီး လိုအပ်နေသော SYS Command ဖိုင်ကိုပြန်ထည့်ပေးလိုက်ပါ။
Startup Disk ကိုအသုံးပြုလျှင်အောက်ပါအတိုင်းပြုလုပ်ပေးလိုက်ပါ >>>>> A:\>SYS C:
IO.Sys,MSDOS နှင့် Command.com ဖိုင်များကို အလိုအလျောက် ပြန်လည်ထည့်သွင်းပေးပါသည်။
Won't Boot to GUI
Won't Boot to GUI Error Messages သည် စက်နှိုးသောအခါ ( Windows xx ) စာတန်းပေါ်လာပြီး ရပ်နေတတ်ပါတယ်...ဂရပ်ဖစ်ပိုင်းသို့ စက်နှိုး၍ မရခြင်းဖြစ်သည်။
  1. ပထမဆုံး (Swap File ) ကို စစ်ဆေးသင့်ပါသည်။ Safe mode ဖြင့်စက်နှိုး၍ Virtual ကို လုပ်ခွင့်မပြု ( Disabled ) လုပ်ထားပါ။ (စက်ပြန်နှိုးပါ) Swap File သည်ပြဿနာဖြစ်ပေါ် စေသောအရာဖြစ်ပါက စနစ်သည် ပုံမှန်အတိုင်း စက်နှိုးမည်။ သို့သော် နှေးကွေးကောင်း နှေးကွေးနိုင်ပါသည် (Swap file) ကို လုပ်ခွင့်ပြု (Enable) တွင်ထား၍ စက်ပြန်နှိုးပါ။
  2. ပထမတစ်ခုကြောင့် မဟုတ်ပါက Boot Menu (စက်နှိုးစဉ်ဇယား) မှ step-by-step confirmation ဖြင့်စက်နှိုး ရမည်။ ထို့နောက်အောက်ပါ တို့ကို တစ်ခုခြင်းစစ်ဆေးကြည့်ပါ။
  3. Back up (အရံအဖြစ်) သိမ်းထားသော ရက်ဂျစ်စထရီ ကို Copy ကို ပြန်လည်ထည့်သွင်းရန် လိုအပ်နိုင်ပါသည်။ Back up လုပ်ထားသော ရီဂျစ်စထရီမိတ္တူသည် ကွန်ပျူတာစနစ် ကောင်းစွာအလုပ်လုပ်စဉ်က လုပ်ထားသောမိတ္တူ ဖြစ်ရပါမည်။ Backup လုပ်ထားသောဖိုင်မရှိပါက SYSTEM.DATနှင့် USER.DAT ဖြင့် အစားထိုးပါ။၎င်းဖိုင်သည် ကွယ်ဝှက် (hidden)နှင့် ဖတ်ရုံသာဖတ် (ပြင်ဆင်၍မရ) (Read Only) လုပ်ထားလေ့ရှိသည်။၎င်း(hidden) နှင့် (ReadOnly)တို့ကို ဖယ်ရှားရန် Command Prompt မှ အောက်ပါအတိုင်း လုပ်ဆောင်ပါ။
  4. C:\attrib -a -r -s -h C:\Windows\System\*.dat copy C:\Windows\System\*.da0 Windows\System\*.dat မှတ်ချက်။ ။ Windows 98 ဖြစ်ပါက Startup disk ဖြင့်စက်နှိုး၍ Windows Registry Chacker ကိုလုပ်ဆောင်ပါ။ A:\မှ အောက်ပါ အမိန့်ပေးစာတန်းကိုရိုက်ထည့်ပါ။

    C:\Windows\Command\Scanreg/fix စက်ပြန်နှိုးပါ။ ရယ်ဂျစ်စထရီကြောင့် ဖြစ်သောပြဿနာဖြစ်ပါက ပုံမှန်အတိုင်းစက်နှိုး၍ ရသွားပါမည်။
  5. Resource Conflicts ကြောင့်လည်း ဂရပ်ဖစ်(GUI) သို့စက်နှိုးမရသော ပြဿနာဖြစ်ပေါ် လာနိုင်သည်။ Sagemode ဖြင့်စက်နှိုး၍ Device Manager တွင်စစ်ဆေးကြည့်ပါက ၄င်းပြဿနာကို သိရှိနိုင်ပါသည်။ ယခင်ပြဿနာကဲ့သို့ပင် ပြင်ဆင်နိုင်ပါသည်။
  6. စက်ကရိယာပစ္စည်း မောင်းနှင်ပရိုဂရမ် အလုပ်မလုပ်သော (bad driver) ကြောင့်လည်း ဖြစ်နိုင်ပါသည်။ Safe mode ဖြင့် စက်နှိုး၍ (ASD:Automoatic Skip Driver) ကိုအသုံးပြုပါ။
    Accessories/System information/Tools တွင်လည်းကောင်း Start/Run မှ တစ်ဆင့် (ASD)ကိုရိုက်ထည့်၍ ၄င်းတွေ့မြင်နိုင်ပါသည်။ မောင်းနှင်ပရိုဂရမ် (Driver)ကြောင့်ဖြစ်သော ပြဿနာဖြစ်ပါက လုပ်ဆောင်ချက်ကြောင့်ဖြစ်သော ပြဿနာပြေလည်သွားမည်ဖြစ်ပါသည်။
Lockups/Reboots
၎င်းError Messages ကိုအုပ်စု (၂) စုခွဲနိုင်ပါသည်။
  • ပထမအုပ်စုမှာ - ပစ္စည်းအသစ် (သို့မဟတု) ပရိုပရမ်တစ်ခု ထည့်သွင်းပြီးသောအခါ ဖြစ်ပေါ်တတ်သည့် ပရိုဂရမ် အချင်းချင်း တွဲဖက်သုံးစွဲနိုင်မှု (ဆီလျော်ညီညွတ်မှု မရှိခြင်း)(Software version incompatibilities)(သို့မဟုတ်)Resource Conflicts ကြောင့်ဖြစ်နိုင်သည်။
  • ဒုတိယအုပ်စုမှာ "မည်သည့်နေရာမှ ဖြစ်ပေါ်သည်ဟု အမည်မတပ်နိုင်သော်(clockups from nowhere) ဖြစ်ပါသည်။ဗိုင်းရပ်ကြောင့်လည်းကောင်း၊စက်ကိရိယာ ပိုင်းဆိုင်ရာပြဿနာ (Hardware Problem)ကြောင့်လည်းကောင်းဖြစ်နိုင်ပါသည်။ အထူးသဖြင့် ပါဝါဆပ်ပလိုင်းမှတ်ဥာဏ်(RAM)၊ဟာဒ့်ဒစ် တစ်ခုခုကြောင့် ဖြစ်နိုင်ပါသည်။ပြဿနာ ပြေလည်သည်အထိ စမ်းသပ်အစားထိုး (test/replace) လုပ်ရပါသည်။ အလိုအလျောက်စက်ပြန်နှိုးခြင်း (spontaneous reboots ) သည် ဗိုင်းရပ်(သို့)စက်ကိရိယာပိုင်း ဆိုင်ရာကြောင့် ဖြစ်နိုင်ပါသည်။ ပါဝါဆပ်ပလိုင်းကို ဦးစွာစစ်ဆေးပါ။ ပြီးနောက် စီပီယူ ကိုစစ်ဆေးပါ။ အပူအလွန်ထွက်သော စီပီယူသည် အလိုအလျောက်စက်ပြန်နှိုးလေ့ရှိပါသည်။ စီပီယူ၏ ပန်ကာကောင်းမွန်စွာ လည်ပတ်မှု ရှိစေသင့်ပါသည်။
Fatal Exception Error
ဝင်းဒိုးတွင်မပါရှိသော ချွတ်ယွင်းချက် (Error) တစ်မျိုးမျိုးကို ပို့လွှတ်သည့်ပရိုဂရမ် (Software) (သို့မဟုတ်) ပစ္စည်းကိရိယာ (Hardware) ကြောင့် (Fatal exception Error ) ဖြစ်ပေါ်သည်။ ပရိုဂရမ်အသစ် (သို့မဟုတ်) ပစ္စသည်းအသစ်ကြောင့်ဖြစ်ပေါ်ပါက၄င်းပစ္စည်း (သို့မဟုတ်) ပရိုဂရမ်ကို (Uninstall) ဖြုတ်ပါ။
Shutdown Problem
(Shutdown Problem) စက်ပိတ်သောအခါ ဖြစ်ပေါ်သောပြဿနာများသည် Startup issuer စက်နှိုးသောအခါ ဖြစ်ပေါ်သော ပြဿာနာများနှင့် ဆင်တူသည်။ ချို့ယွင်းသော မောင်းနှင်ပရိုဂရမ် ၊ မကောင်းသော ရယ်ဂျစ်စထရီ (Bad Registry) ချို့ယွင်းသော Page Files (Faulty Page Files) များအားလုံးကြောင့် Shutdown Problems ဖြစ်ပေါ်နိုင်ပါသည်။

ဆက်လက်ဖတ်ရန်နှိပ်ပါ