Wednesday, January 30, 2013

Boot Sequence And CMOS

စက်နှိုးအစီစဉ် (Boot Sequence)ကို မိမိအလိုရှိသော အစီအစဉ်အတိုင်း ရှာဖွေစေရန် စီမော့(စ်) ( CMOS Setup ) တွင် ၀င်ရောက်၍ ပြင်ဆင်နိုင်ပါသည်။ စီမော့(စ်)သို့ဝင်ရောက်ပုံမှာ ကွန်ပျူတာကိုဖွင့်စဉ်(Boot) လုပ်စဉ် ( Press "del" to Enter CMOS Setup ) ဟူ အသိပေးစာတန်း ပေါ်နေစဉ်၌ (Del) ခလုတ်ကို နှိပ်ရပါသည်။သို့သော် ကွန်ပျူတာတိုင်းမဟုတ်ပါ မိမိ၏ Motherboard ပေါ်မှာမူတည်ပါတယ်..(ဥပမာ) Del , သို့မဟုတ် F2 စသည့်တို့ဖြစ်ပါတယ်။
Boot Menu
စက်နှိုးစဉ် (Power ON) စတင်သောအခါ (F8 ) ခလုတ်ကို နှိပ်ထားခြင်းရှိ/မရှိ ကို ( IO.Sys ) ဖိုင်ကစစ်ဆေးပါတယ်။ (F8) ခလုတ်ကို နှိပ်ထားပါက (Boot Menu) ခေါ် စက်နှိုးစဉ်ဇယား(အပြာရောင်)ပေါ်လာပါသည်။ ၄င်းဇယားသည် ကွန်ပျူတာ စနစ်ကို ပြစ်ချက်ရှာဖွေပြုပြင်နိုင်ရန် စက်နှိုးနည်း(Boot Methods) များကို ဆောင်ရွက်စေနိုင်ပါတယ်။
Safe mode
Safe mode ဖြင့် စက်နှိုးခြင်းကို ရွေးချယ်မောင်းနှင်ပါက စက်လည်ပတ် စေသော စနစ်သည် မောက်(စ်) (Mouse) ၊ ကီးဘုတ် (Keyboard)၊ ဗီဂျီအေ၊ဗီဒီယိုမောင်းနှင်ပရိုဂရမ် (VGA video driver) တို့သာ မှတ်ဥာဏ် (RAM) အတွင်းသို့ ရောက်စေပါတယ်။ ရက်ဂျစ်စထရီ ( Registry ) မှ အစိတ်အပိုင်းများစုသည် မှတ်ဥာဏ်သို့ မရောက်ရှိပါ။ Autoexec.bat နှင့် (config.Sys) ဖိုင်များလည်း အလုပ်မလုပ်ပါ။
Safe mode ကိုသုံးခြင်းအားဖြင့် ကောင်းစွာအလုပ်မလုပ်သော မောင်းနှင် ပရိုဂရမ်း (Bad Driver) သို့မဟုတ် စနစ်အသွင်အပြင် (System configuration) တို့ကို မှတ်ဥာဏ်အတွင်းသို့ မရောက်ရှိစေဘဲ စက်နှိုးနိုင်စေပါသည်။ စက်နှိုးစဉ် ( F8 ) နှင် ( F5 ) ခလုတ်တို့ကို နှိပ်ထားခြင်းဖြင့် Sage mode ကို ရောက်ရှိနိုင်ပါသည်။

Safe mode with network support
Safe mode ဖြင့် စက်နှိုးသော်လည်း ကွန်ယက်မောင်းနှင်ပရိုဂရမ် ( network drivers ) များကို မှတ်ဥာဏ်အတွင်းသို့ ( Load ) ရောက်ရှိသည်။ ကွန်ယက်သို့ ၀င်ရောက်နိုင်စေရန်ဖြစ်ပါသည်။ သို့သော် ကွန်ယက်ဖြင့် ဆက်သွယ်ထားသော စနစ် ( networked system ) များတွင်သာ ရရှိနိုင်ပါသည်။
Step-by-step configuration
အလိုအလျောက်မှတ်ဥာဏ်တွင်းရောက်ရှိစေသော ( driver ) ပရှိဂရမ်များ ပါဝင်ပါတယ်။ သို့သော် ၄င်းတို့အား မမြင်ရပါ။
Command prompt Only
စက်နှိုးရာတွင် သုံးသောဖိုင် ( startup file ) များကို မှတ်ဥာဏ် အတွင်းသို့ ရောက်ရှိစေပြီး၊ ဂရပ်ဖစ်ပိုင်းဆိုင်ရာ ပရိုဂရမ်များ အသုံးမပြုနိုင်ပါ။
Safe mode with command prompt Only
စက်နှိုးရာတွင် အသုံးပြုသောဖိုင်များ ( Startup file ) များကို လစ်လျူရှု၍ C:\ သို့ရောက်ရှိစေပါသည်။ Windows သို့ရောက်ရှိစေရန် စက်ပြန်နှိုး ( Reboot ) ပြုလုပ်ရမည်ဖြစ်ပါသည်။
Last Known Good Configuration
ဝင်းဒိုးအိပ်စ်ပီမှာ Driver အသစ်တစ်ခု ထည့်သွင်းရာမှာ စနစ်ကို ပြန်လည်အစပြု (Reboot)စဉ်ပြဿနာ ပေါ်ပေါက်လာတတ်ပါသည်။ ထိုအခါ F8 ကို နှိပ်၍ Boot Menu သို့ဝင်ရောက်ပြီး Last Known Good Configuration ကိုရွေးချယ်ခြင်းဖြင့် စက်နှိုးမှုဖြစ်စဉ်ဖြင့်ဖြောင့်တန်းသွားစေပါသည်။

1 comment:

  1. လာလည်သွားပါသည်။ မ.က.န ညီနောင်များ

    ReplyDelete