Tuesday, January 29, 2013

Registry ဆိုတာ ?

Registry ဟာ User က Computer system မှာ ပြုလုပ်ထားတဲ့ setting တွေကို သိမ်းထားပါတယ်။ Background ကို ပြောင်းခြင်း (သို့မဟုတ်) Control panel ထဲမှာ လုပ်သမျှ setting တွေ့ကအစ သိမ်းထားပါတယ်။ သင်ဟာ Program များ Install လုပ်ခြင်း (သို့မဟုတ်) Hardware အသစ်ထည့်ခြင်းများကို Registry ထဲမှာ မှတ်ထားပြီး နောက်တစ်ခေါက် computer ဖွင့်တဲ့အခါ Registry ထဲမှာ မှတ်ထားတဲ့ setting အတိုင်း Window ကို တင်ပေးပါတယ်။ Registry ကိုပြင်ဆင်လို့ရပါသလား >>> setting အများစုကို Controlpanel ဖြင့် ပြင်ဆင်လို့ရပါတယ်။ Control panel မှာပါဝင်တဲ့ setting များကို Registry ထဲမှာဝင်ပြီး ပြင်ဆင်နိုင်တယ်။ ၄င်း setting များသည် မပြင်တတ်ရင် Windows System ကို ပျက်စီးနိုင်သောကြောင့် Microsoft ကသာမန် user တွေ မထိတွေ့နိုင် အောင်ဖွင့်ပေးမထားပါဘူး။ [ Registry Editor ] တွင် အဓိက Main Key များရှိပါသည်။ ၄င်းတို့သည် Windows O/S အလိုက် ပါဝင်မူကွာပါသည်... ဥပမာ [ Window 98/ME မှာဆိုရင် အဓိက Main Key က ခြောက်ခုရှိပြီး Window 2000/XP/seven တို့တွင် ငါးခုပါရှိပါသည်။ ထို့ကြောင့် computer system မတူညီခြင်းကြောင့် Registry လည်းမတူညီနိုင်ပါ။ အချို့ အရေးကြီးတဲ့ Key တွေကို ပြင်ခြင်း ၊ Delete လုပ်လို့ မရပါ။ Main Key ရဲ့ အောက်မှာ Key အသစ်ထည့်လို့ရပါတယ်။ SubKey လို့ခေါ်ပါတယ်...[SubKey] ရဲ့အောက်တွင် Value တွေ အမျိုးမျိုးထည့်နိုင်ပါတယ်။ Registry Editor ထဲကိုဝင်ချင်ရင် Window Key + R ကိုတွဲနှိပ်ပြီး Runbox တွင် regedit လိုရိုက်ပြီး ၀င်နိုင်သလို့ Command Line ကိုလည်းဖွင့်ရွေ့ regedit လို့ရိုက်ပြီးဝင်နိုင်ပါသည်။ Main Key ငါးခု၏ အလုပ်လုပ်ပုံများ.............. [ HKEY - CLASSES - ROOT ] Key ထဲမှာ Extension name ရဲ့ setting တွေကို သိမ်းထားပါတယ်။[jpg] ဆိုတဲ့ file ဟာ ပုံဖြင့် အသိအမှတ်ပြုပြီး ဘယ် Program နဲ့ဖွင့်ရမယ်ဆိုတာကို မှတ်ထားပါတယ်။ ဥပမာ [doc] file ကို word pad ဖြင့် ဖွင့်ပြီး [txt] ကို notepad ဖြင့် ဖွင့်ရမှာဖြစ်ပါတယ်။
[ HKEY - CURRENT - USER ] Key ကတော့ ၄င်းထဲမှာ login လုပ်ထားတဲ့ user ရဲ့ Registry setting တွေကို သိမ်းထားပါတယ်။ user တစ်ယောက် ပဲရှိရင် အထဲမှာရှိတဲ့ data တွေဟာ [ HKEY - USERS ] ထဲမှာရှိတဲ့ data တွေနဲ့တူညီပါတယ်။ [ HKEY - CURRENT - USER ] ဟာ login လုပ်ထားတဲ့ User က ပြုပြင်တဲ့ Windows setting တွေကို သိမ်းထားပါတယ်။ ဒါကြောင့် အခြား user ဖြင့် login လုပ်ရင်တော့ setting တွေဟာ တူညီမှာမဟုတ်ပါဘူး။
[ HKEY - LOCAL - MACHINE ] ကတော့ Hardware တွေနဲ့ဆိုင်တဲ့ data တွေကို သိမ်းထားပါတယ်။ ဥပမာ - CD-ROM, Printer တွေရဲ့ data နဲ့ setting တွေနောက်ပြီး BIOS ရဲ့ setting တွေကိုပါ အထဲမှာ သိမ်းထားပါတယ်။
[ HKEY - USERS ] ကတော့ user တွေရဲ့ setting တွေကိုသိမ်းထားပါတယ်။ user တစ်ယောက်ပဲရှိရင်တော့ [ HKEY - CURRENT - USERS ] နဲ့ [ HKEY - USERS\DEFAULT ] ထဲက data တွေဟာတူညီပါတယ်။ user အများကြီးရှိရင်တော့ [ HKEY - USER ] အောက်မှာ user name ရဲ့ နာမည်ဖြင့်ပြုလုပ်ထားတဲ့ [ sub Key ] တွေရှိပါတယ်။
[ HKEY - CURRENT - CONFIG ] ထဲမှာတော့ ယခုအသုံးပြုထားတဲ့ Hardware setting တွေကို သိမ်းထားပါတယ်။ Hardware setting တွေ အမျိုးမျိုးရှိရင်တော့ [ HKEY - CURRENT - CONFIG ] နဲ့ [ HKEY - LOCAL - MACHINE \config\current ] ဟာ လက်ရှိအသုံးပြုသည့် setting တွေကို သိမ်းထားပါတယ်။ setting တမျိုးထဲရှိရင်တော့ [ HKEY - CURRENT - CONFIG ] နဲ့ [ HKEY - LOCAL - MACHINE\config\0001] တူညီပါတယ်။

String Value
String value ဟာ နာမည်အတိုင်းပဲ string တွေကို သိမ်းထားပါတယ်။ String အများကြီးကို သိမ်းထားလို့ရပါတယ်။ ကိန်းဂဏန်းအနေနဲ့လည်း အစားထိုးသိမ်းထားလို့ရပါတယ်။ ဒသမကိန်းတွေလည်း ပါဝင်ပါတယ်။
Binary Value
Binary value မှာ Binary တွေကိုပဲ သိမ်းထားလို့ရပါတယ်။ String နဲ့ DWORD တွေ သိမ်းလို့မရပါဘူး။ Registry Editor ထဲက အနောက်မှာ [ 00 04 00 00 ... ] တွေဟာ Binary value တွေ ဖြစ်ပါတယ်။
DWORD Value
DWORD ဟာ Decimal number နဲ့ hexadecimal number တွေ ထည့်လို့ရပါတယ်။ Registry Editro မှာ 0x00000010 9 ( 16 ) ဟာ DWORD value တွေဖြစ်ပါတယ်။ DWORD value ဟာ color setting တွေ cache တွေမှာ အသုံးပြုများပါတယ်။

No comments:

Post a Comment