- Wireless Network Wireless network ဟာလည်း ရိုးရိုး network လိုပါပဲ။ OSI seven layer model နဲ့ Protocol တွေကို သုံးပါတယ်။ Data တွေ Access လုပ်နိုင်ဖို့အတွက် ကြိုးတွေအစား Radio Waves တွေအသုံးပြုတာပဲ ကွားခြားပါတယ်။ယခုမျက်မှောက်ခေတ်မှာတော့ wireless နည်းပညာထဲမှာ IEEE 802.11 wireless ( Wi-Fi လို့လည်းခေါ်ပါတယ်)နဲ့ Home radio Frequency ( Home RF ) တို့ခေတ်စားပါတယ်။ နောက်ထပ်လူသုံးများလာတဲ့ Wireless နည်းပညာတော့ Bluetooth နည်းပညာပါ။ Wireless နည်းပညာဟာ ပစ္စည်းတွေကို Network Cable ကြိုးတွေ မပါဝင်ဘဲ အချင်းချင်းဆက်သွယ်တဲ့နည်းပညာဖြစ်ပါတယ်။ Wireless မှာ Data အပို့၊ အယူတွေကို Radio Frequency တွေကို အသုံးပြုပါတယ်။
- Wireless Frequency Range Wireless network မှာ သူတို့ရောက်ရှိနိုင်တဲ့ Frequency Range ပမာဏပေါ်မူတည်ပြီးတော့ ( ၃ ) မျိုးခွဲခြားနိုင်ပါတယ်။ အဲဒါတွေက WWAN, WLAN နဲ့ WPAN တို့ဖြစ်ပါတယ်။ အရှည်ကောက်တွေကတော့ Wireless Wide Area Network , Wireless Local Area Network, Wireless Personal Area Network တို့ဖြစ်ပါတယ်။
- WWAN WWAN မှာ 3G, 2G cellular, cellular digital packet data ( CDPD ), Gobal System for Mobile Communications ( GSM ) နဲ့ Mobitex တွေ ပါဝပါတယ်။
- WLAN WLAN မှာ 802.11 wierless network, Hiper LAN နဲ့ တခြား network တွေ ပါဝပါတယ်။
- WPAN WPAN မှာ Bluetooth နဲ့ IR နည်းပညာသုံး network တွေပါဝပါတယ်။
(Wireless ဆိုရင် Frequency က ဇာတ်လိုက်ပဲဖြစ်တယ် ဒါကြောင့် Frequency အကြောင်းကို နားလည်နေရမယ် ။ အင့် Frequency ဆိုလို သူရဲ့ယူနစ်ကို ကျွန်တော်တို့သိရှိပြီးဖြစ်မှာပါ Hertz (Hz ) ဟုတ်တယ်မဟုတ်လား (သို့သော်) ၄င်းယူနစ်သည် Frequency ၏ ယူနစ်အမှန်မဟုတ်ပါ Cycle Per Second ( cps ) ကသာ ယူနစ်အမှန်ဖြစ်ပါသည်။ Hertz ဖြစ်လာပုံမှာ ဂျာမန်ရူပဗေဒပညာရှင် Heinrich Hertz ဆိုတဲ့ ပုဂ္ဂိုလ်က Frequency နဲ့ ရေဒီယိုလှိုင်းတွေကို ရှာဖွေတွေ့ရှိပြီး အသံလွှင့်၊ အသံဖမ်းတာကို ပထမဦးဆုံး ပြုလုပ်ခဲ့သူဖြစ်တယ် ဒါကြောင့် ၄င်းပညာရှင်ကိုဂုဏ်ပြုတဲ့အနေနဲ့ နောက်ပိုင်း Frequency Unit ကို ( Hz ) ကိုအသုံးပြုလာကြပါတယ်။)
ာကြောင့်လဲဆိုတော့ နောင်လာမယ့် မျိုးဆက်သစ်အတွက် အရမ်းအန္ကရာယ်များတဲ့ အပြင် ကမ္ဘာကြီးတစ်ခုလုံးပင် ပျက်စီးသွားစေနိုင်တဲ့ အချက်ဖြစ်ပါတယ်။ အဲဒါဟာ WiFi Radio Wave များသည် သစ်ပင်များကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ အချက်တစ်ခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကို သိပ္ပံပညာရှင်များက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ WiFi network ကို အထူးပြုလေ့လာရေးအဖွဲ့တွေရဲ့ သုတေသန စာတမ်းတွေမှာတော့ wifi ဟာ သူ့ကွန်ယက်အတွင်းမှာရှိတဲ့ သစ်ပင်တွေကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ အချက်ကို အတည်ပြုပြောဆိုနေကြပါပြီ။ အခုလို အခြေအနေမှာ နှစ်အနည်းငယ်စောင့်ကြည့်ရုံက လွဲပြီး ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဖြစ်ခဲ့ရင် Wi-Fi နေရာအစားထိုးဖို့ နည်းပညာအသစ်ကို ရှာဖွေစမ်းသပ်ဖို့ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ဆက်လက်ဖတ်ရန်နှိပ်ပါ