- 400 Bad Request ဒီ error ကတော့ တောင်းဆိုတဲ့ Data တွေကို Web Server က နားမလည်ဘူးလို့ပြောတာပါ။ အဲဒီပြဿ နာအများစုဟာ address မှာရိုက်ထည့်တဲ့အခါမျိုးမှာ ချို့ယွင်းခဲ့ရင်ဖော်ပြပေးလေ့ရှိပါတယ်။
- 401 Unauthorized Access ဒီ error ကတော့ မိမိတောင်းဆိုတဲ့ Page ကိုခွင့်ပြုချက်အရင်ရယူဖို့မလုပ်ဘဲ၊ဒါမှမဟုတ် Username,Password တွေမထည့်ပဲဝင်ကြည့်မိတဲ့အတွက် error ပြတတ်ပါတယ်။
- 403 Access Forbidden ဒီ error ကတော့ ကိုတောင်းဆိုလိုက်တဲ့ site ရဲ့ Data တွေဟာ သင့်ကို Access လုပ်ခွင့်မပြုဘူးလို့ပြောတာပါ။
- 404 File Not Found ဒီ error ကတော့ သင်တောင်းဆိုလိုက်တဲ့ ဒေတာဖိုင်ကို Web Server က မတွေ့ဘူးလို့ အကြောင်းကြားတာပါ။ တစ်ခါတစ်လေမှာ ယာယီပြဿ နာဖြစ်တာပါ။ ထို့ကြောင်း မိမိ web page ကို Reload ပြန်လုပ်ကြည့်လိုက်ပါ။
- 500 Internal Server Error ဒီ error message ကတော့ Web Server က သင့်တောင်းဆိုလိုက်တဲ့ ဒေတာတွေကိုဖော်ပြပေးဖို့အတွက်လုပ်ဆောင်ရာမှာ Internal Error ဖြစ်နေလို့ဖြစ်ပါတယ်။ Web Page ကို reload ပြန်လုပ်ကြည့်ရင် ရတတ်ပါတယ်။
- 501 Service Not complemented ဒီ error message ကတော့ သင့်တောင်းဆိုလိုက်တဲ့ဒေတာတွေဟာ သီးသန့် Protocol တွေ သုံးထားတာ၊ Security System တွေ ၊ဒါမှမဟုတ် တခြား Services တွေကြောင့်ဖြစ်နိုင်ပါတယ်။
- 503 Service Unavialable ဒီ error message ကတော့ သင့်ရဲ့တောင်းဆိုချက်ကို Web Server ကနေကိုင်တွယ် လုပ်ဆောင်ပေးနိုင်ခြင်းမရှိတဲ့ အခါမျိုးမှာဖော်ပြတဲ့ error message ဖြစ်ပါတယ်။ Web Server က အရမ်းအလုပ်လုပ်နေရလို့ ဘယ်တောင်းဆိုမှုမျိုးကိုမှ လက်ခံဆောင်ရွက်မပေးနိုင်တဲ့အခိန်ဖြစ်နိုင်ပါတယ်။
ဆက်လက်ဖတ်ရန်နှိပ်ပါ