Sunday, July 21, 2013

Overview of Wireless Technology

Phoekhwar(ဖိုးခွါး) | 11:52 PM |
itsharingyns Overview of Wireless Technology
Network ချိတ်ဆက်ထားတဲ့ PC တွေ၊ Server တွေ၊ Printer တွေကို Wireless network မှာတော့ အချင်းချင်းဆက်သွယ်ဆောင်ရွက်နိုင်ဖို့ wire ကြိုးတွေအသုံးပြုမည့်အစား Radio Wave တွေကို အသုံးပြုပါတယ်
( မှတ်ချက်။ ။ Cable=Radio Wave )
  1. Wireless Network
  2. Wireless network ဟာလည်း ရိုးရိုး network လိုပါပဲ။ OSI seven layer model နဲ့ Protocol တွေကို သုံးပါတယ်။ Data တွေ Access လုပ်နိုင်ဖို့အတွက် ကြိုးတွေအစား Radio Waves တွေအသုံးပြုတာပဲ ကွားခြားပါတယ်။
    ယခုမျက်မှောက်ခေတ်မှာတော့ wireless နည်းပညာထဲမှာ IEEE 802.11 wireless ( Wi-Fi လို့လည်းခေါ်ပါတယ်)နဲ့ Home radio Frequency ( Home RF ) တို့ခေတ်စားပါတယ်။ နောက်ထပ်လူသုံးများလာတဲ့ Wireless နည်းပညာတော့ Bluetooth နည်းပညာပါ။
    Wireless နည်းပညာဟာ ပစ္စည်းတွေကို Network Cable ကြိုးတွေ မပါဝင်ဘဲ အချင်းချင်းဆက်သွယ်တဲ့နည်းပညာဖြစ်ပါတယ်။ Wireless မှာ Data အပို့၊ အယူတွေကို Radio Frequency တွေကို အသုံးပြုပါတယ်။
  3. Wireless Frequency Range
  4. Wireless network မှာ သူတို့ရောက်ရှိနိုင်တဲ့ Frequency Range ပမာဏပေါ်မူတည်ပြီးတော့ ( ၃ ) မျိုးခွဲခြားနိုင်ပါတယ်။ အဲဒါတွေက WWAN, WLAN နဲ့ WPAN တို့ဖြစ်ပါတယ်။ အရှည်ကောက်တွေကတော့ Wireless Wide Area Network , Wireless Local Area Network, Wireless Personal Area Network တို့ဖြစ်ပါတယ်။
    • WWAN
    • WWAN မှာ 3G, 2G cellular, cellular digital packet data ( CDPD ), Gobal System for Mobile Communications ( GSM ) နဲ့ Mobitex တွေ ပါဝပါတယ်။
    • WLAN
    • WLAN မှာ 802.11 wierless network, Hiper LAN နဲ့ တခြား network တွေ ပါဝပါတယ်။
    • WPAN
    • WPAN မှာ Bluetooth နဲ့ IR နည်းပညာသုံး network တွေပါဝပါတယ်။
    Wireless နည်းပညာမှာ Electromagnetic Wave ( EM လှိုင်း ) တွေကိုအသုံးပြုပြီး Information တွေကို Transmit လုပ်ပါတယ်။ Wireless မှာ Radio Frequency (RF) လှိုင်းအရှည် Band ကနေ Infrared (IR) ရဲ့လှိုင်းအရှည် Band ထိ ဆိုပြီး EM လှိုင်းတွေကို ခွဲခြားထားပါတယ်။

    (Wireless ဆိုရင် Frequency က ဇာတ်လိုက်ပဲဖြစ်တယ် ဒါကြောင့် Frequency အကြောင်းကို နားလည်နေရမယ် ။ အင့် Frequency ဆိုလို သူရဲ့ယူနစ်ကို ကျွန်တော်တို့သိရှိပြီးဖြစ်မှာပါ Hertz (Hz ) ဟုတ်တယ်မဟုတ်လား (သို့သော်) ၄င်းယူနစ်သည် Frequency ၏ ယူနစ်အမှန်မဟုတ်ပါ Cycle Per Second ( cps ) ကသာ ယူနစ်အမှန်ဖြစ်ပါသည်။ Hertz ဖြစ်လာပုံမှာ ဂျာမန်ရူပဗေဒပညာရှင် Heinrich Hertz ဆိုတဲ့ ပုဂ္ဂိုလ်က Frequency နဲ့ ရေဒီယိုလှိုင်းတွေကို ရှာဖွေတွေ့ရှိပြီး အသံလွှင့်၊ အသံဖမ်းတာကို ပထမဦးဆုံး ပြုလုပ်ခဲ့သူဖြစ်တယ် ဒါကြောင့် ၄င်းပညာရှင်ကိုဂုဏ်ပြုတဲ့အနေနဲ့ နောက်ပိုင်း Frequency Unit ကို ( Hz ) ကိုအသုံးပြုလာကြပါတယ်။)

ာကြောင့်လဲဆိုတော့ နောင်လာမယ့် မျိုးဆက်သစ်အတွက် အရမ်းအန္ကရာယ်များတဲ့ အပြင် ကမ္ဘာကြီးတစ်ခုလုံးပင် ပျက်စီးသွားစေနိုင်တဲ့ အချက်ဖြစ်ပါတယ်။ အဲဒါဟာ WiFi Radio Wave များသည် သစ်ပင်များကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ အချက်တစ်ခုကြောင့်ဖြစ်နိုင်ပါတယ်။
    ဒါကို သိပ္ပံပညာရှင်များက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ WiFi network ကို အထူးပြုလေ့လာရေးအဖွဲ့တွေရဲ့ သုတေသန စာတမ်းတွေမှာတော့ wifi ဟာ သူ့ကွန်ယက်အတွင်းမှာရှိတဲ့ သစ်ပင်တွေကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ အချက်ကို အတည်ပြုပြောဆိုနေကြပါပြီ။ အခုလို အခြေအနေမှာ နှစ်အနည်းငယ်စောင့်ကြည့်ရုံက လွဲပြီး ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဖြစ်ခဲ့ရင် Wi-Fi နေရာအစားထိုးဖို့ နည်းပညာအသစ်ကို ရှာဖွေစမ်းသပ်ဖို့ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရန်နှိပ်ပါ

ကျွန်တော်၏ပြဿနာအချို့ နှင့် အင်တာနက်နှင့်ဝေးခြင်း

Phoekhwar(ဖိုးခွါး) | 11:23 PM |
ကျွန်တော်၏ပြဿနာအချို့ နှင့် အင်တာနက်နှင့်ဝေးခြင်း
ကျွန်တော်သင်္ကြန်မတိုင်ခင်တည်းက မြစ်ကြီးနားကိုနာရေးကိစ္စဖြင့်ပြန်သွားလိုက်ရတယ်ဗျာ(ညီသေသွားလို့)...သင်္ကြန်လည်ရောက်ရော် သားတော်မောင်က ၀မ်းလျှော့လိုက်ပါသဖြင့်ဆေးရုံတင်လိုက်ရတယ် ၁၀-ရက် ကြာတယ်ဗျာ အင်တာနက်ကိုမသုံးဖြင့်တော့ ရေးထားတဲ့ Posts တွေတောင်းမတင်နိုင်ဘူး ( တင်မလို အင်တာနက်ကို ကိုင်ပြန်တော မ.က.န အင်တာနက်က စိတ်ကျေနပ်စရာမရှိဘူးဗျာ)ဒါကြောင့် ကျွန်တော်ဆိုဒ်ကိုလာလည်တဲ့သူငယ်ချင်းများကိုတောင်းပန်အပ်ပါတယ်။ ကျွန်တော်အခု အင်တာနက်ပြန်သုံးနေပါသဖြင့် စုစည်းဖော်ပြ သွားမည့်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ခင်များ( ကျေးဇူးတင်လျှက် ....မနော်မြေ)
ဆက်လက်ဖတ်ရန်နှိပ်ပါ

Monday, March 11, 2013

Mobile Phone & Tablet Battery သက်တမ်းကြာကြာခံအောင် ?

Phoekhwar(ဖိုးခွါး) | 9:35 AM |
Youth Network Services Center Mobile Phone battery သက်တမ်းကြာကြာခံအောင် ပြုလုပ်ပုံအဆင့်ဆင့်
Phone ၊ ဒါမှမဟုတ် tablet တွေရဲ့ battery သုံးစွဲခြင်းကို သက်သာအောင် setting တချို့ကိုပြင်ဆင်နိုင်ပါတယ် ၊ Adjust လုပ်ရတာ လွယ်ကူပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်များ.....
  1. Screen ကို Dim လုပ်ပါ
  2. Auto-brightness feature ကိုအသုံးပြုတာက အားမြန်မြန်ကုန်စေပါတယ်။ ဒါကြောင့် lighting level နဲ့ system activity ကို အနည်းဆုံးဖြစ်အောင်ချိန်ပါ။
  3. Screen time-out
  4. တချို့ ဖုန်းတွေမှာ screen ကို ပိတ်လိုက်ဖို့ ခလုတ်တွေ ပါတတ်ပါတယ်။ ဒီလိုမှမဟုတ်လည်း အချိန်တစ်ခု သတ်မှတ်ထားပြီး ပိတ်သွားအောင်စီစဉ်နိုင်ပါတယ်။ စက္ကန့် ၃၀ ကနေ တစ်မိနစ်အကြား ကတော့အကောင်းဆုံးဖြစ်ပါတယ်။
  5. Wi Fi
  6. Wi-Fi သုံးမနေဘူးဆိုရင် ပိတ်ထားပါ။ ဒီလိုပဲ bluetooth ကိုလည်း မသုံးရင်ပိတ်ထားပါ။
  7. Notification
  8. IOS user ဆိုရင်တော့ notification တွေကို ပိတ်ဖို့ ၊ ကန့်သတ်ဖို့ application တစ်ခုချင်းစီအလိုက် ဆောက်ရွက်ရမှာ ဖြစ်ပါတယ်။ Settings >> Noticications အတိုင်းသွားပြီး application တစ်ခုချင်းစီကို သတ်မှတ်ရမှာဖြစ်ပါတယ်။ Notification center ကိုလည်း ၀ff လုပ်ထားရမှာ ဖြစ်ပါတယ်။
    Android သုံးစွဲသူဆိုရင်တော့ မသုံးတဲ့ service တွေကို sync မလုပ်အောင် ကန့်သတ်ထားရမှာ ဖြစ်ပါတယ်။ Settings >> Accounts ကိုသွားပါ။ မသုံးတဲ့ account တွေကို Sync မလုပ်အောင်ပိတ်ပါ။
  9. Apps and options
  10. iOS မှာမလိုအပ်တဲ့ application တွေကိုပိတ်ပါ၊ Home button ကို double tap လုပ်ပါ၊ X ဆိုတဲ့ပုံ ပေါ်လာတဲ့အထိ icon ကိုဖိထားပါ။ X ကိုနှိပ်ပြီး close လုပ်ပါ။ (မှတ်ချက်) Windows 8 သုံးတယ်ဆိုရင်တော့ battery saver ဆိုတဲ့ application ကတာဝန်ယူပြီး ဆောင်ရွက်ပေးပါလိမ့်မယ်။
  11. Airplane Mode
  12. Airplane mode က phone ရဲ့ Wireless မှန်သမျှကို Disable လုပ်လိုက်မှာဖြစ်ပါတယ်။ Phone လည်းပြောလို့ရမှာ မဟုတ်ပါဘူး။ Wi-Fi ၊ Bluetooth ၊ GPS တို့အကုန်လုံးပိတ်သွားပါလိမ့်မယ်။
  13. Location Service
  14. Location service ကိုပိတ်ထားခြင်းဖြင့် battery ကုန်တာသက်သာသွားမှာဖြစ်သလို နိုင်ငံခြားခရီးသွားနေတာဆိုရင်လည်း ငွေကုန်သက်သာစေမှာဖြစ်ပါတယ်။
  15. Vibrate
  16. Vibration သုံးထားရင် ringtone သုံးတာထက် battery ပိုကုန်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ပြောရရင် Phone ကိုအလွန်အေးခြင်း၊အလွန်ပူခြင်းမဖြစ်အောင် ကာကွယ်ပါ။အတိအကျပြောရရင် ၃၂ မှ ၉၅ ဒီဂရီဖာရင်ဟိုက်အကြားမှာပဲထားပါ။ Ref: pcworld march 2013 ( ပြန်လည်မျှဝေခြင်း )

ဆက်လက်ဖတ်ရန်နှိပ်ပါ

Friday, March 1, 2013

CCTV ဆိုတာ ?

Phoekhwar(ဖိုးခွါး) | 3:10 AM |
Youth Network Services Center CCTV ဆိုတာ ဘာလဲ ..?
CCTV ဆိုတာကို အင်္ဂလိပ်လို Closed Circuit Television လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ပတ်လမ်းပိတ်ရုပ်သံစနစ်ပါ။ ဆိုလိုတာက .. ကျွန်တော်တို့ သာမာန်ကြည့်နေတဲ့ ရုပ်သံစနစ်တွေက တစ်နေရာကနေထုတ်လွှင့်ပြီး မည်သူမဆို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ CCTV ကတော့ တစ်နေရာကဖမ်းယူထားတာကို တစ်နေရာတည်းကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောပါ။
>CCTV ကို ဘာအတွက် အသုံးပြုကြသလဲ ?
CCTV ကို လုံခြုံရေးကင်မရာအဖြစ် လူသိများကြပါတယ်။ စောင့်ကြည့်ကင်မရာအဖြစ်အသုံးပြုပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်လုံခြုံရေးအတွက်အသုံးပြုကြသလို၊ အလုပ်ရုံများ၊ ကုမ္မဏီ ရုံးခန်းတွေမှာလည်း ၀န်ထမ်း စည်းကမ်းထိန်းသိမ်းရေးအတွက် စောင့်ကြည့်သည့်အနေဖြင့် အသုံးပြုကြပါတယ်။ အချို့သော အငြင်းပွားဖွယ်ကိစ္စရပ်တွေမှာလည်း CCTV ရဲ့ ဆုံးဖြတ်ချက်ကို ရယူဆောင်ရွက်ကြပါတယ်။
CCTV ကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြသလဲ ?
CCTV ကို စက်ရုံ၊ အလုပ်ရုံ၊ ကုမ္မဏီ၊ ရုံးခန်း၊ အရောင်းပြခန်း၊ ဈေးဆိုင်ခန်း၊ ဆေးရုံ၊ ဆေးခန်း၊ ရွှေဆိုင်၊ စတိုးဆိုင်၊ အပေါင်ဆိုင်၊ နေအိမ်၊ ခြံဝန်း စသည်ဖြင့် နေရာစုံမှာ အသုံးပြုနေကြပါတယ်။ တန်ဖိုးကြီးပစ္စည်းရောင်းချသည့်နေရာများ၊ လူဝင်လူထွက်များသည့်နေရာများ၊ လုံခြုံရေးအထူးလိုအပ်သည့်နေရာများ၊ အ၀င်အထွက်မှတ်တမ်းတင်ရန် လိုအပ်သည့်နေရာတိုင်းတွင် အသုံးပြုသင့်ပါသည်။
CCTV အသုံးပြုခြင်းဖြင့် မည်သည့် အကျိုးများရရှိနိုင်သလဲ ?
CCTV အသုံးပြုခြင်းဖြင့် သူခိုး၊ ဓါးပြ စသည်ဖြင့် ခိုးဆိုးလုယက်သူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်နိုင်သလို၊ မိမိရဲ့ အသက်ကို အန္တရာယ်ပြုမည့်သူများ၏ ဘေးမှလည်း ကာကွယ်နိုင်ပါသည်။ ထို့ပြင် အမှုအခင်းများတွင် တရားခံဖော်ထုတ်နိုင် ရန်အတွက် များစွာ အထောက်အကူ ဖြစ်စေပါသည်။ ၀န်းထမ်းများ၏ စည်းကမ်းဖောက်ဖျက်ခြင်းကို တိတိကျကျအရေးယူဆောင်ရွက်နိုင်သလို လုပ်ငန်းခွင်အတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းကိုလည်း ဖော်ထုတ်အရေးယူနိုင်မှာ ဖြစ်ပါတယ်။
CCTV တပ်ဆင်ရန် မည်မျှ ကုန်ကျနိုင်သလဲ ?
မိမိတပ်ဆင်လိုသည့် အရေအတွက်ပေါ် မူတည်ပြီး ကုန်ကျနိုင်ပါသည်။ သို့သော် .. ယခုအခါ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ .. လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်လာခြင်း၊ မိမိအသုံးလိုရာ ရွေးချယ်ဝယ်ယူနိုင်ခြင်း .. စသည်တို့ကြောင့် ကုန်ကျစရိတ်မှာ များစွာသက်သာလာပြီး ပစ္စည်းအရည်အသွေးများမှာလည်း တိုးတက်ကောင်းမွန်လာပါသည်။

ဆက်လက်ဖတ်ရန်နှိပ်ပါ

Monday, February 25, 2013

ဆော့ဝဲလ်များ နှင့် Windows 7

Phoekhwar(ဖိုးခွါး) | 6:32 AM |
ဆော့ဝဲလ်များ နှင့် Windows 7
Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။
ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။
ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။
" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။
" အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။
( Negative ) အသံများ ကြားရ၏။ မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။ တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။
  1. Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
  2. Box ကျလာလျှင် Compatibility tab ကို ရွေးပါ။
  3. Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
  4. Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
  5. Apply လုပ် Ok ။
  6. မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်နိုင်ပါပြီ။
  7. Ref: www.mgsaytanar.blogspot.com

ဆက်လက်ဖတ်ရန်နှိပ်ပါ

Sunday, February 24, 2013

ပြဿနာဖြေရှင်းခြင်း[ Error Messages and Fixes ]

Phoekhwar(ဖိုးခွါး) | 7:25 AM |
Youth Network Services Center NO OS Found
NO OS Found Error Messages သည် စက်နှိုးမှုဖြစ်စဉ်တွင် IO.Sys (သို့) MSDOS.Sys ဖိုင်မတွေ့ခြင်း ၊ မကောင်းခြင်းကိုဖော်ပြပါသည်။ Startup Disk ကို အသုံးပြု၍ (သို့မဟုတ်) O/S ကိုပြန်၍ Repair ပြုလုပ်ပြီး လိုအပ်နေသော SYS Command ဖိုင်ကိုပြန်ထည့်ပေးလိုက်ပါ။
Startup Disk ကိုအသုံးပြုလျှင်အောက်ပါအတိုင်းပြုလုပ်ပေးလိုက်ပါ >>>>> A:\>SYS C:
IO.Sys,MSDOS နှင့် Command.com ဖိုင်များကို အလိုအလျောက် ပြန်လည်ထည့်သွင်းပေးပါသည်။
Won't Boot to GUI
Won't Boot to GUI Error Messages သည် စက်နှိုးသောအခါ ( Windows xx ) စာတန်းပေါ်လာပြီး ရပ်နေတတ်ပါတယ်...ဂရပ်ဖစ်ပိုင်းသို့ စက်နှိုး၍ မရခြင်းဖြစ်သည်။
  1. ပထမဆုံး (Swap File ) ကို စစ်ဆေးသင့်ပါသည်။ Safe mode ဖြင့်စက်နှိုး၍ Virtual ကို လုပ်ခွင့်မပြု ( Disabled ) လုပ်ထားပါ။ (စက်ပြန်နှိုးပါ) Swap File သည်ပြဿနာဖြစ်ပေါ် စေသောအရာဖြစ်ပါက စနစ်သည် ပုံမှန်အတိုင်း စက်နှိုးမည်။ သို့သော် နှေးကွေးကောင်း နှေးကွေးနိုင်ပါသည် (Swap file) ကို လုပ်ခွင့်ပြု (Enable) တွင်ထား၍ စက်ပြန်နှိုးပါ။
  2. ပထမတစ်ခုကြောင့် မဟုတ်ပါက Boot Menu (စက်နှိုးစဉ်ဇယား) မှ step-by-step confirmation ဖြင့်စက်နှိုး ရမည်။ ထို့နောက်အောက်ပါ တို့ကို တစ်ခုခြင်းစစ်ဆေးကြည့်ပါ။
  3. Back up (အရံအဖြစ်) သိမ်းထားသော ရက်ဂျစ်စထရီ ကို Copy ကို ပြန်လည်ထည့်သွင်းရန် လိုအပ်နိုင်ပါသည်။ Back up လုပ်ထားသော ရီဂျစ်စထရီမိတ္တူသည် ကွန်ပျူတာစနစ် ကောင်းစွာအလုပ်လုပ်စဉ်က လုပ်ထားသောမိတ္တူ ဖြစ်ရပါမည်။ Backup လုပ်ထားသောဖိုင်မရှိပါက SYSTEM.DATနှင့် USER.DAT ဖြင့် အစားထိုးပါ။၎င်းဖိုင်သည် ကွယ်ဝှက် (hidden)နှင့် ဖတ်ရုံသာဖတ် (ပြင်ဆင်၍မရ) (Read Only) လုပ်ထားလေ့ရှိသည်။၎င်း(hidden) နှင့် (ReadOnly)တို့ကို ဖယ်ရှားရန် Command Prompt မှ အောက်ပါအတိုင်း လုပ်ဆောင်ပါ။
  4. C:\attrib -a -r -s -h C:\Windows\System\*.dat copy C:\Windows\System\*.da0 Windows\System\*.dat မှတ်ချက်။ ။ Windows 98 ဖြစ်ပါက Startup disk ဖြင့်စက်နှိုး၍ Windows Registry Chacker ကိုလုပ်ဆောင်ပါ။ A:\မှ အောက်ပါ အမိန့်ပေးစာတန်းကိုရိုက်ထည့်ပါ။

    C:\Windows\Command\Scanreg/fix စက်ပြန်နှိုးပါ။ ရယ်ဂျစ်စထရီကြောင့် ဖြစ်သောပြဿနာဖြစ်ပါက ပုံမှန်အတိုင်းစက်နှိုး၍ ရသွားပါမည်။
  5. Resource Conflicts ကြောင့်လည်း ဂရပ်ဖစ်(GUI) သို့စက်နှိုးမရသော ပြဿနာဖြစ်ပေါ် လာနိုင်သည်။ Sagemode ဖြင့်စက်နှိုး၍ Device Manager တွင်စစ်ဆေးကြည့်ပါက ၄င်းပြဿနာကို သိရှိနိုင်ပါသည်။ ယခင်ပြဿနာကဲ့သို့ပင် ပြင်ဆင်နိုင်ပါသည်။
  6. စက်ကရိယာပစ္စည်း မောင်းနှင်ပရိုဂရမ် အလုပ်မလုပ်သော (bad driver) ကြောင့်လည်း ဖြစ်နိုင်ပါသည်။ Safe mode ဖြင့် စက်နှိုး၍ (ASD:Automoatic Skip Driver) ကိုအသုံးပြုပါ။
    Accessories/System information/Tools တွင်လည်းကောင်း Start/Run မှ တစ်ဆင့် (ASD)ကိုရိုက်ထည့်၍ ၄င်းတွေ့မြင်နိုင်ပါသည်။ မောင်းနှင်ပရိုဂရမ် (Driver)ကြောင့်ဖြစ်သော ပြဿနာဖြစ်ပါက လုပ်ဆောင်ချက်ကြောင့်ဖြစ်သော ပြဿနာပြေလည်သွားမည်ဖြစ်ပါသည်။
Lockups/Reboots
၎င်းError Messages ကိုအုပ်စု (၂) စုခွဲနိုင်ပါသည်။
  • ပထမအုပ်စုမှာ - ပစ္စည်းအသစ် (သို့မဟတု) ပရိုပရမ်တစ်ခု ထည့်သွင်းပြီးသောအခါ ဖြစ်ပေါ်တတ်သည့် ပရိုဂရမ် အချင်းချင်း တွဲဖက်သုံးစွဲနိုင်မှု (ဆီလျော်ညီညွတ်မှု မရှိခြင်း)(Software version incompatibilities)(သို့မဟုတ်)Resource Conflicts ကြောင့်ဖြစ်နိုင်သည်။
  • ဒုတိယအုပ်စုမှာ "မည်သည့်နေရာမှ ဖြစ်ပေါ်သည်ဟု အမည်မတပ်နိုင်သော်(clockups from nowhere) ဖြစ်ပါသည်။ဗိုင်းရပ်ကြောင့်လည်းကောင်း၊စက်ကိရိယာ ပိုင်းဆိုင်ရာပြဿနာ (Hardware Problem)ကြောင့်လည်းကောင်းဖြစ်နိုင်ပါသည်။ အထူးသဖြင့် ပါဝါဆပ်ပလိုင်းမှတ်ဥာဏ်(RAM)၊ဟာဒ့်ဒစ် တစ်ခုခုကြောင့် ဖြစ်နိုင်ပါသည်။ပြဿနာ ပြေလည်သည်အထိ စမ်းသပ်အစားထိုး (test/replace) လုပ်ရပါသည်။ အလိုအလျောက်စက်ပြန်နှိုးခြင်း (spontaneous reboots ) သည် ဗိုင်းရပ်(သို့)စက်ကိရိယာပိုင်း ဆိုင်ရာကြောင့် ဖြစ်နိုင်ပါသည်။ ပါဝါဆပ်ပလိုင်းကို ဦးစွာစစ်ဆေးပါ။ ပြီးနောက် စီပီယူ ကိုစစ်ဆေးပါ။ အပူအလွန်ထွက်သော စီပီယူသည် အလိုအလျောက်စက်ပြန်နှိုးလေ့ရှိပါသည်။ စီပီယူ၏ ပန်ကာကောင်းမွန်စွာ လည်ပတ်မှု ရှိစေသင့်ပါသည်။
Fatal Exception Error
ဝင်းဒိုးတွင်မပါရှိသော ချွတ်ယွင်းချက် (Error) တစ်မျိုးမျိုးကို ပို့လွှတ်သည့်ပရိုဂရမ် (Software) (သို့မဟုတ်) ပစ္စည်းကိရိယာ (Hardware) ကြောင့် (Fatal exception Error ) ဖြစ်ပေါ်သည်။ ပရိုဂရမ်အသစ် (သို့မဟုတ်) ပစ္စသည်းအသစ်ကြောင့်ဖြစ်ပေါ်ပါက၄င်းပစ္စည်း (သို့မဟုတ်) ပရိုဂရမ်ကို (Uninstall) ဖြုတ်ပါ။
Shutdown Problem
(Shutdown Problem) စက်ပိတ်သောအခါ ဖြစ်ပေါ်သောပြဿနာများသည် Startup issuer စက်နှိုးသောအခါ ဖြစ်ပေါ်သော ပြဿာနာများနှင့် ဆင်တူသည်။ ချို့ယွင်းသော မောင်းနှင်ပရိုဂရမ် ၊ မကောင်းသော ရယ်ဂျစ်စထရီ (Bad Registry) ချို့ယွင်းသော Page Files (Faulty Page Files) များအားလုံးကြောင့် Shutdown Problems ဖြစ်ပေါ်နိုင်ပါသည်။

ဆက်လက်ဖတ်ရန်နှိပ်ပါ

Saturday, February 23, 2013

BIOS & CMOS SETUP

Phoekhwar(ဖိုးခွါး) | 7:56 AM |
Youth Network Services Center (BIOS & CMOS) ဘိုင်အို့နှင့် စီမော့(စ်) သည် ကွန်ပျူတာစနစ်၏ အသွင်အပြင်များ (Configuration) လျှပ်စစ်ဓါတ်အားကို မိမိအလိုရှိသလို စီစဉ်နိုင်ရန် (Power-Management) အစရှိသည်တို့ကို ပြုပြင်နိုင်ရန် အသုံးပြုရသော ပရိုဂရမ်တစ်ခုဖြစ်ပါသည်။ ၄င်းပရိုဂရမ်သို့ ၀င်ရောက်ရန် ကွန်ပျူတာ၏ မာသားဘုတ်အမျိုးမျိုးလိုက်ကွဲပြာမှုရှိပါတယ်။ တချို့ကွန်ပျူတာစနစ်တွင် ( Press "Del" to Enter Setup ) ဟူသော အသိပေး စာတမ်းပေါ်လာချိန် "Del" ခလုပ်ကိုနှိပ်ပေးရပါသည်။
၎င်းတွင် မီနူးဘား ( Menu Bar ) တစ်ခုပါပြီး ၄င်းပေါ်တွင် မီနူး ခေါင်းစဉ်များသည် မိမိ၏ Motherboard အမျိုးအစားအလိုက်ပါရှိပါသည်။
ဥပမာ ခေါင်းစဉ် ( ၅ ) ခုပါရှိပါသည်။
  1. Main
  2. Advanced
  3. Power
  4. Boot
  5. Exit တို့ဖြစ်ကြပါသည်။
  1. Main
  2. Main မီနူးသည် စနစ် အချိန်၊ နေ့စွဲ ။ ဟာ့ဒ်ဒစ် အစရှိသည်တို့ကို ပြောင်းလဲလုပ်ရန် ဖြစ်ပါသည်။
  3. Advanced
  4. Advanced သည် စီပီယူအမြန်နှုန်း၊ မှတ်ဥာဏ် (Memory) အစရှိသည်တို့ကို ပြောင်းလဲမှု ပြုလုပ်နိုင်ရန်ဖြစ်သည်။
  5. Power
  6. Power သည် ဟာ့ဒ်ဒစ်နှင့်ပြစက် မှန်ပြင်(Monitor) တို့၏ လျှပ်စစ် ဓါတ်အားသုံးစွဲမှုကို ချိန်ညှိနိုင်ရန်ဖြစ်ပါသည်။
  7. Boot
  8. Boot သည် စက်နှိုးအစီအစဉ် (Boot Sequence ) ကိုမိမိ စိတ်ကြိုက် ရွေးချယ်သတ်မှတ်နိုင်ရန် ဖြစ်ပါသည်။
  9. Exit
  10. Exit သည် အထက်ပါတို့အား မိမိစတ်ကြိုက်ရွေးချယ်မှု ပြုပြီးသော အခါ မှတ်ဥာဏ်တွင် သိမ်းရန်နှင့် စီမော့စ်မှ ထွက်ရန်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရန်နှိပ်ပါ

Saturday, February 16, 2013

Motherboard မ ကောင်းတော့ဘူးဆိုရင်....

Phoekhwar(ဖိုးခွါး) | 8:18 AM |
ကွန်ပျူတာမှာ Motherboard မကောင်းတော့ဘူးဆိုရင်.......
Motherboard ကကွန်ပျူတာတစ်ခုလုံးမှာ အရေးကြီးဆုံး အစိတ်ပိုင်း တစ်ခုလို့ပြောလို့ရပါတယ်(သူနဲ့ဆက်စပ်လုပ်ဆောင်တဲ့ Component တွေကကောင်းမွန်မှသာလျင် အလုပ်တွင်ကျယ်မှာဖြစ်ပါတယ်... ဆိုကြပါစို့ RAM စိုက်တဲ့ Slot ကမကောင်းတော့ဘူး...ဒါမှမုတ်ရင် Northbridge,Southbridge,SuperI/O တစ်ခုခုချို့ယွင်းခဲ့မယ်ဆိုရင် အလုပ်လုပ်ရာတွင်အဆင်မပြေပါ...ထို့ကြောင့်ကွန်ပျူတာသည် restartကျမယ် Heat ထွက်လာမယ်သတ်မှတ်ထားတဲ့အပူချိန်ကျော်ရင်cutoffလုပ်မယ် restart ပြန်ကျမယ်...အဲဒီမှာတင်လည်နေမယ်ဆက်သုံးနေရင် တခြားcomponent တွေပါထိခိုက်နိုင်တယ်... မှတ်ရန်......မားသားဘုတ်မကောင်းတော့လို့သုံးမရတော့တဲ့ အခြေအနေတွေဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ အောက်က devices တွေကြောင့်ဖြစ်နိုင်ပါတယ်...အများအားဖြင့်...................
  1. CPU
  2. RAM
  3. VGA
  4. ROMBIOS
  5. NORTHBRIDGE
  6. SOUTHBRIDGE
  7. ENVIROMENT
  8. MAINBOARD COMPONENTS
  1. CPU
  2. ၀င်းဒိုးတက်မလာဘူး...cpu ကြောင့်လို့သံသယရှိခဲ့ရင် မိမိ cpu နဲ့အမျိုးအစားတူ socket အမျိုးစားတူတဲ့cpu ကိုတပ်ဆင်ကြည့်ပါ..ထိုကဲ့သို့တပ်ဆင်ထားသော်လည်းဝင်းဒိုးမတက်လာခဲ့ရင် processor ကိုcutoff လုပ်လိုက်ပါ မိမိcpu ကိုလည်းအခြားအမျိုးအစားတူမားသားဘုတ်မှာစမ်းလို့ မှအဆင်ပြေတယ်ဆိုရင် socket အလုပ် မလုပ် တာသေချာသွားပါပီ..ထို့ကြောင့် socket အလုပ်မလုပ်မှတော့ ကျန်တဲ့အစိတ်အပိုင်းကောင်းနေသော်လည်းMotherboard ကိုအသုံးပြုမရတော့လို့ MOtherboard ပျက်တယ်လို့ ယူဆလို့ရပါတယ်....
  3. RAM
  4. RAM တွေကိုဖြုတ်ပီးလှဲလှယ်စမ်းသပ်ကြည့်လိုက်ပါ....မိမိလှဲလှယ်လိုက်တဲ့RAM ကလည်းကောင်းမွန်စွာ လုပ်ဆောင်နေဖို့လိုပါတယ်...ဘာလို့လဲဆိုတော့မိမိလဲလှယ်လိုက်တဲ့RAM ကကောင်းမကောင်း သိမထားရင် RAM ကောင်းပါရက်နဲ့ MOtherboard မကောင်းတော့ဘူးလို့ မှတ်ချက်ချလွှဲသွားမှာဖြစ်ပါတယ် ဒါကြောင့်RAM ကောင်းဖို့လိုပါတယ်..မိမိRAMကိုလည်းတစ်ခြားစက်မှာစမ်းသပ်ပြီးပြီ သူများရဲ့ RAM ကို လည်းမိမိဆီမှာ စမ်းသပ်ပြီးပြီ ဒါလည်းဝင်းဒိုးကတက်မလာ BIOS အချက်ပေးတဲ့ Beep အသံကတော့ကြားရနေပေမဲ့ RAM ကြောင့်ဖြစ်တယ်ဆိုတာခန့်မှန်းလို့ ရပါတယ်...သိုံသော်လည်း RAM Slot (bank) တွေမကောင်းတော့ရင်လည်းဖြစ်တက်ပါတယ်..ဒါကြောင့်လည်းကောင်း RAM Slot များကိုလည်းသန့်ရှင်းရေးလုပ်ပေးလိုက်ပါ...ဒါမှအသုံးပြုလို့ မရနိုင်တော့ပါ(RAM ကလည်း motherboard မှာ မရှိမဖြစ်လိုအပ်နေလိုပါပဲ...
  5. VGA
  6. VGAလည်း RAM နည်းတူပါပဲနော် ...Bios မှ Beep အသံတွေထုတ်ပေးသော်လည်း အလုပ်မလုပ်လျင် သုံးလို့မရတော့ပါ (သို့သော်အဖြစ်နည်းပါတယ်)built in ကအလုပ်မလုပ်ရင်တောင် onboard ထပ်စိုက်ပြီးအသုံးပြုရင်ရနေပါဦးမယ်...On board ထပ်စိုက်သော်လည်း ယခင်ကကဲ့သို့Beep သံတွေထုတ်ပေးနေပြီးဘာမှပေါ်မလာဘူးဆိုရင်...Motherboard သုံးမရတော့ပါ..ကျန်တဲ့စိတ်ပိုင်းတွေကောင်းပေမဲ့လို့ VGA ရဲ့သွေးကြောတွေကုန်ပြီဆိုမှတော့Motherboard ပျက်ပြီပေါ့..မှတ်ချက်(တကယ်လို့အဲလိုဖြစ်ခဲ့တဲ့လူရှိရင်လည်းအင်မတန်ကံဆိုးတဲ့ လူလို့ပြောရမယ်ထင်တယ်)မောင်ကံဆိုးပေါ့
  7. ROMBIOS
  8. Rombios ကတော့တော်ရုံတန်ရုံမပျက်ပါဘူး..Bios ပျက်ရင် Motherboard ပျက်တတ်ပါတယ် System နဲ့ ပတ်သက်တဲ့အချက်အလက်တွေ Hardware Devices တွေကောင်းမကောင်းကိုစစ်ဆေးပေးပြီးသူက အဖြေထုတ်ပေးပါရတယ်...အဲဒီအဆင့်မှာတင်Bios ကအလုပ်မလုပ်တော့ဘူးဆိုရင် အဆင်မပြေနိုင်တော့ါပ...ရှေ့ဆက်သွားမည်လည်းမဟုတ်ပါ..တစ်နည်းအားဖြင် Boot လုပ်မည်မဟုတ်တော့ပါ...Bios Chip လေးတွေက Motherboard ပေါ်မှာ အသေတပ်ဆင်ထားပါတယ်..သူက(Firmware)ဖြစ်ပါတယ်..Bios ကိုUpgarde လုပ်တဲ့အခါမျိုးမှာသူနဲ့ အမျိုးအစားခင်းမတူတဲ့...Softwareကိုသွင်းမိတာတို့ Bios UPgarde လုပ်နေစဉ်မီးပျက်သွားတာတိုံဖြစ်ခဲ့မယ်ဆိုရင်Bios Program တွေကမောက်ကမဖြစ်သွားပီးကြောင်သွားနိုင်ပါတယ်..ထိုကဲ့သို့ Bios ကြောင်သွားရင်လည်း motherboard ပျက်တယ်လို့ယူဆရပါတယ်..
  9. NorthBridge
  10. CPU နဲ့ RAM ကြားမှာသူက Controller အဖြစ်နဲ့အလုပ်လုပ်ပါတယ်...MCC လို့လဲခေါ်ကြပါတယ်..NorthBridge ပူလာပြီးRestart ခနခနကျတက်တဲ့သဘောရှိပါတယ်...လည်းကောင်းပုံစံဖြစ်ရင်လည်း Motherboard ကသုံးမရတော့ပါ....
  11. SouthBridge
  12. Southbridge ကလည်းNorthbridge နည်းတူပါပဲ...အဓိက ကတော့အပူကြောင့်ဘဲဖြစ်ပါတယ်..ဒါကြောင့် Electronic Devices နဲ့  Heat တွေကမတည့်အတူနေကြတဲ့...ဒါကြောင့် MOtherbard ကိုင်တော့မယ်ဆိုရင် Heat သတိထားရပါမယ်...လူbody ကထွက်တဲ့ ESD ကလည်းကြောက်ဖို့ကောင်းတယ်နော်..ဘာမဟုတ်တာလေးနဲ့southbridge ကိုထိမိပီးအပူလောင်သွားတာမျိုးဆိုရင် သူကအလုပ်တော့လုပ်နိုင်ပါတယ် ဒါပေ့မယ် short ဖြစ်ထားတဲ့ဒဏ်ကြောင့် အပူချိန်လွန်ကဲလာတာနဲ့ အမျှ processor ကနေRestart (သို့)Shutdown ချတတ်ပါတယ်...ဒါကြောင့်လည်းကောင်းဒီလည်းMotherboard မကောင်းတဲ့ အချက်ဖြစ်ပါတယ်..
  13. Enviroment
  14. သဘာဝပတ်ဝန်းကျင်စို့ထိုင်းမှု့ ရေငွေ့ ဖုန်မှုန့် တွေဝင်ထွက်များမှုကြောင့် အဓိက support လုပ်ပေးမဲ့နေရာတွေကို သွားပီးအဲဒီဖုန်မှုန့်တွေရေငွေ့ နေရာယူလိုင်ရင်လဲဖြစ်တတ်ပါတယ်..အထူးမှတ်သာရန်(တရားသေ မားသားဘုတ် ပျက်တယ်လို့ ယူဆလို့ မရတဲ့အထဲမှာ Enviroment အခြေအနေကိုပါထည့်စဉ်းစားဖို့ လိုအပ်တယ်...မားသားဘုတ် အလုပ်မလုပ်တော့ဘူးဆိုရင် ထည့်စဉ်းစားစရာ အချက်ကလေးဖြစ်ပါတယ်.....စဉ်းစားရန်)
  15. Mainboard Components
  16. Motherboard ပေါ်မှာကြည့်လိုက်ရင် တပ်ဆင်ထားတဲ့Electronic component တွေက စက်ရုံမှာကတည်းက Quality တွေကို သေသေချာချာ စစ်ဆေးပီးဈေးကွက်ကိုတင်သွင်းတယ်ဆိုပေမဲ့ အပျက်အစီးအနည်းနဲ့ အများတော့ရှိမှာပါ..Capacitor ခေါင်းလေတွေရဲ့ထိပ်တွေကသာမန်မဟုတ်ပဲ အပူကြောင့်ဖောင်းပွနေတာမျိုး နည်းနည်းမျှအမှားယါင်းမခံပါ.. Short ဖြစ်ပီး capacitor ခေါင်းပွင့်သွားတာမျိုးတွေရှိခဲ့ဘူးပါတယ်...သူ့ကိုပြန်ပီးတော့ capacitor ကိုလဲလှယ်လို့မရနိုင်သလို Transitorတို့ Resistor စသဖြင့်တို့လည်းလဲလိုမရပါ..Electronic Circuit ဘုတ်တစ်ခုမှာ Component တစ်ခုမကောင်းလို့ဖြုတ်လဲလို့ရပေမဲ့ Motherboard လို ဟာမျိုးကျတော့ မလွယ်ပါဘူး...သူက Circuit ပတ်လမ်းတွေကို စက်နဲ့ ရိုက်ထားတာဖြစ်ပါတယ်..ဖြုတ်မယ်ဆိုရင်တောင် Component ရဲ့ဘေးမှာရှိနေတဲ့ ပတ်လမ်းတွေကို ထိခိုက်သွားနိုင်ပါတယ်..

ဆက်လက်ဖတ်ရန်နှိပ်ပါ

Desktop ရဲ့ Background ကိုပြောင်းလို့မရအောင်လုပ်ခြင်း

Phoekhwar(ဖိုးခွါး) | 7:31 AM |


Key-Path[HKEY-CURRENT-USER\Software\Microsoft\Windows\CurrentVersion\Policies\ActiveDesktop
အောက်ဖော်ပြပါ[Registry]ကိုပြင်ဆင်လိုက်ပြီးတဲ့နောက်Desktopပေါ်မှာmouseရဲ့ဘယ်ဘယ်ခလုတ်ကိုနှိပ်ပြီး[Properties]ကိုရွေးလိုက်တဲ့အခါ[DisplayProperties]
DialogBoxပေါ်လာပြီး Desktop ကိုရွေးလိုက်သောအခါ Background ပုံကိုပြင်လို့မရတာကိုသင်တွေ့ရပါလိမ့်မယ်။

RegistryEditor ကိုဖွင့်ပြီးတော့[HKEY-CURRENT-USER\Software\Microsoft\Windows\CurrentVersion\Policies]ကိုရှာပြီးmouseရဲ့ညာဘက်ခလုတ်နှိပ်ပြီးnew----->keyကိုရွေးလိုက်ပါ။လည်းကောင်းNewKeyကို[ActiveDesktop]လို့နာမည်ပေးပြီး၊လည်းပေါ်မှာmouseရဲ့ညာဘတ်ခလုတ်နှိပ်ပြီး [new]---->[DWORDValue]ကိုရွေးလိုက်ပါ။
အသစ်ထွက်လာတဲ့NewValueကို[NoChangingWallpaper]လို့နာမည်ပေးပြီးလည်းကောင်းပေါ်မှာmouseရဲ့ဘယ်ဘက်ခလုတ်နှစ်ချက်ဆက်တိုက်နှိပ်ပါ။
[EditDwordValue]DialogBoxပေါ်လာပြီး[ValueData]မှာ[1]လို့ရိုက်ပြီးOkခလုတ်နှိပ်လိုက်ပါ။စက်ပြန်စလိုက်ရင်Desktopပုံပြောင်းလို့မရတော့ပါ။

မိမိပြုပြင်လိုက်သောEffectများActiveဖြစ်အောင်စက်ကိုRestartပြန်ချရမည်။

ဆက်လက်ဖတ်ရန်နှိပ်ပါ

Desktop ပေါ်မှထားတဲ့ပုံကို Position ပြောင်းခြင်း

Phoekhwar(ဖိုးခွါး) | 6:52 AM |


Key-Path [HKEY-CURRENT-USER\Control Panel\Desktop
ပုံမှန်အနေနဲ့Desktopပေါ်ကပုံဟာDesktopရဲ့အလယ်တည့်တည့်(သို့မဟုတ်)screenအပြည့်ဖော်ပြထားပါတယ်။တကယ်လို့သင်ရဲ့Desktopပေါ်ကပုံကိုအပြောင်းအလဲ
လုပ်ချင်ရင်အခုဖော်ပြပါနည်းအတိုင်းပြုလုပ်လိုက်ပါ။........

RegistryEditorကိုဖွင့်ပြီးတော့ဘယ်ဘယ်မှာ[HKEY-CURRENT-USER\ControlPanel\Desktop]ကိုmouseရဲ့ညာဘက်ခလုတ်နှိပ်ပြီး Popupmenu မှာ New ------->Stringvalue ကိုရွေးလိုက်ပါ။ ညာဘက်မှာအသစ်(New value)ထွက်လာပြီး လည်းကောင်းရဲ့ နာမည်ကို [Wallpaperoriginx] လို့ပြောပြီးတော့ Keyပေါ်မှာပဲ mouse
ညာခလုတ်နှိပ်ပြီးPopupmenuမှာModifyကိုရွေးလိုက်ပါ။
[Edit-String]Dialog-boxဖွင့်လာပြီးတော့[Value-data]မှာ400ရိုက်ပြီး Ok ခလုတ်ကိုနှိပ်လိုက်ပါ။[HKEY-CURRENT USER\ ControlPanel\Desktop] မှာပဲ mouseညာဘက်ခလုတ်ထပ်နှိပ်ပြီး Popupmenu မှာ[new]---->[string-value]ကိုရွေးလိုက်ပါ။
ညာဘက်မှာအသစ် new-value ထွက်လာပြီး လည်းကောင်းရဲ့ နာမည်ကို [Wallpaperoriginy]လို့ပြောင်းပြီးတော့Keyပေါ်မှာပဲmouseရဲ့ညာဘက်ခလုတ်ကိုနှိပ်ပြီးpopupmenuမှာ[Modify]ကိုရွေးပါ။
[Edit string]Dialogbox ဖွင့်လာပြီးတော့[value-data]မှာ50လို့ရိုက်ပြီးOk ခလုတ်နှိပ်လိုက်ပါ။ပြီးတော့စက်ပြန်ဖွင့်လိုက်ရင်ပုံဟာကိယ်ဆက်မှတ်ပေးထားတဲ့Positionမှာရှိပါလိမ့်မယ်။

ဆက်လက်ဖတ်ရန်နှိပ်ပါ

Thursday, February 7, 2013

Firewall ကို ပိတ်/ဖွင့် ထားသင့်သလား....?

Phoekhwar(ဖိုးခွါး) | 10:18 PM |
Firewall တွေက System ရဲ့ အရေးကြီးတဲ့ အပိုင်းပါပဲ။ ဒါပေမဲ့ Applicataion၊ malware ၊ ဒါမှမဟုတ် လူတွေက တစ်ခါ တလေမှာ Firewall ကိုပိတ်ထားတတ်ကြပါတယ်။ Third party firewall အများစုကတော့ သူတို့ ပိတ်နေတယ်ဆိုတာ ကိုယ့်ကိုပြောပြနိုင်ပါတယ်။ ဒါပေမဲ့ Buit-in windows firewall ကတော့ပိတ်ထားခံရသလားဆိုတာသိဖို့နည်းနည်းခက်တယ် ပါတယ်။ အခုဖော်ပြမယ့် ရိုးရှင်းတဲ့ အဆင့်လေးတွေက Windows firewall ကိုပွင့်နေစေမှာဖြစ်ပါတယ်။
Screen ရဲ့ညာဘက်ထောင့်မှာ အနီရောင်ဒိုင်းပုံစံလေးပေါ်နေသလားဆိုတာကြည့်ပါ။ တွေ့တယ်ဆိုရင် ကလစ်နှိပ်ကြည့်ပါ။ ဒါက PC ရဲ့ Firewall ပိတ်နေရင်လည်းဖော်ပြတတ်ပါတယ်။
Windows security center ကနေလည်းကြည့်နိုင်ပါတယ်။ Start ထဲက Control Panel ကိုဝင်ရပါမယ်။ပြီးနောက် security center ကို click လုပ်ပါ။

ဒါမှမဟုတ်Start Run ထဲဝင်ပြီး Firewall.cpl ဆိုပြီးရိုက်ပါ။ ပြီးရင် Ok နှိပ်ပါ။ပြီးနောက်.... Windows security center မှာ Windows firewall ကို Mangage လုပ်နိုင်တဲ့ Setting တွေကို တွေ့ရမှာပါ။ အစိမ်းရောင်က Firewall ပွင့်နေတယ်ဆိုတာ ဖော်ပြပြီး အနီရောင်က On ခလုတ်ကိုနှိပ်ဖို့ လိုအပ်တဲ့အခါမျိုးမှာ Connect မဖြစ်ဘူးဆိုတာ ဖော်ပြနေတာဖြစ်ပါတယ်။


ဆက်လက်ဖတ်ရန်နှိပ်ပါ

Social Networking နှင့် ဖိုးဖိုး၊ဖွားဖွား

Phoekhwar(ဖိုးခွါး) | 9:36 PM |
Social Networking ဘယ်ကစ
  • အများသူငါ သုံးစွဲနေကြတဲ့ Facebook သုံးမှပဲ Social Networking ဖြစ်ရတော့မှာလား။ ဟိုးရှေးပဝေသဏီကတည်းက ရှိလာခဲ့ကြတဲ့ လူမှုအဖွဲ့အစည်းတွေကတော့ Social Network တွေမဟုတ်ဘူးလား။
  • ( နည်းပညာတွေသုံးပြီး Internet နဲ့ ဆက်သွယ်မှပဲ Communication ဖြစ်ရောလား)
  • တစ်ရွာနဲ့ တစ်ရွာ အုန်းမောင်းခေါက် အချက်ပေးတာတွေ၊ မီးခိုးနဲ့ အချက်ပြတာတွေကရော Communication မဖြစ်ရတော့ဘူးလား။
( ပြောင်းလဲလာတဲ့ ဆက်သွယ်မှုပုံစံတွေပေါ်လိုက်ပြီး လူသားတွေရဲ့ အစုအဖွဲ့ပုံစံတွေကလည်း လိုက်ပါပြောင်းလဲ လာရပါတယ်။ အရင်လိုမျိုး တစ်ရွာတည်း၊ တစ်မြို့တည်းမှပဲ အတူရှိနေကြတဲ့ပုံစံကို လွန်ဆန်ပြီး ရေခြားမြေခြားဆိုတဲ့ ကန့်သတ်ချက် အတားအဆီးတွေကို လွန်မြောက်သွားတဲ့ အစုအဖွဲ့ပုံစံတွေ ဖြစ်သွားပါပြီ။)
ဒီနေ့ Internet ခေတ်မှာ မွေးဖွားလာသူတွေ အဖို့တော့ အထူးဆန်းမဟုတ်ပေမယ့် အဖေတို့၊ အမေတို့ ခေတ်နဲ့ ယှဉ်ရင်တော့ အတော်လေးမျက်စိစပါးမွေး စူးချင်စရာ ဖြစ်ရပါတယ်။ယနေ့အဖေ၊အမေတိုကဘာပြော မှတ်တယ်သိလား......?

လူချင်းမတွေ့ဖူးဘဲ နဲ့များ သူငယ်ချင်း (သို့မဟုတ်) ချစ်သူတွေ ဖြစ်သလားတဲ့ ဆိုတာတွေ မကြားချင်မှ အဆုံးပါ။

မိဘတို့ရဲ့ဓမ္မတာ ချစ်ခြင်းမေတ္တာစိတ်ကြောင့် ကိုယ့်သားသမီးလေး မဖြစ်သင့်တာ မဖြစ်ရအောင် တားမြစ်တဲ့ သဘောဝပါ။
အဲဒီတော့ Internet ဆိုတဲ့ Social Network ကြီးကို ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားပြီး ဘယ်လိုများ အကျိုးရှိရှိ သုံးလို့ရနိုင်ပါ့မလဲလို့စဉ်းစားပြီးအသုံးပြုကြပါစို့နော်......

ဆက်လက်ဖတ်ရန်နှိပ်ပါ

Wednesday, January 30, 2013

Boot Sequence And CMOS

Phoekhwar(ဖိုးခွါး) | 11:56 PM |
စက်နှိုးအစီစဉ် (Boot Sequence)ကို မိမိအလိုရှိသော အစီအစဉ်အတိုင်း ရှာဖွေစေရန် စီမော့(စ်) ( CMOS Setup ) တွင် ၀င်ရောက်၍ ပြင်ဆင်နိုင်ပါသည်။ စီမော့(စ်)သို့ဝင်ရောက်ပုံမှာ ကွန်ပျူတာကိုဖွင့်စဉ်(Boot) လုပ်စဉ် ( Press "del" to Enter CMOS Setup ) ဟူ အသိပေးစာတန်း ပေါ်နေစဉ်၌ (Del) ခလုတ်ကို နှိပ်ရပါသည်။သို့သော် ကွန်ပျူတာတိုင်းမဟုတ်ပါ မိမိ၏ Motherboard ပေါ်မှာမူတည်ပါတယ်..(ဥပမာ) Del , သို့မဟုတ် F2 စသည့်တို့ဖြစ်ပါတယ်။
Boot Menu
စက်နှိုးစဉ် (Power ON) စတင်သောအခါ (F8 ) ခလုတ်ကို နှိပ်ထားခြင်းရှိ/မရှိ ကို ( IO.Sys ) ဖိုင်ကစစ်ဆေးပါတယ်။ (F8) ခလုတ်ကို နှိပ်ထားပါက (Boot Menu) ခေါ် စက်နှိုးစဉ်ဇယား(အပြာရောင်)ပေါ်လာပါသည်။ ၄င်းဇယားသည် ကွန်ပျူတာ စနစ်ကို ပြစ်ချက်ရှာဖွေပြုပြင်နိုင်ရန် စက်နှိုးနည်း(Boot Methods) များကို ဆောင်ရွက်စေနိုင်ပါတယ်။
Safe mode
Safe mode ဖြင့် စက်နှိုးခြင်းကို ရွေးချယ်မောင်းနှင်ပါက စက်လည်ပတ် စေသော စနစ်သည် မောက်(စ်) (Mouse) ၊ ကီးဘုတ် (Keyboard)၊ ဗီဂျီအေ၊ဗီဒီယိုမောင်းနှင်ပရိုဂရမ် (VGA video driver) တို့သာ မှတ်ဥာဏ် (RAM) အတွင်းသို့ ရောက်စေပါတယ်။ ရက်ဂျစ်စထရီ ( Registry ) မှ အစိတ်အပိုင်းများစုသည် မှတ်ဥာဏ်သို့ မရောက်ရှိပါ။ Autoexec.bat နှင့် (config.Sys) ဖိုင်များလည်း အလုပ်မလုပ်ပါ။
Safe mode ကိုသုံးခြင်းအားဖြင့် ကောင်းစွာအလုပ်မလုပ်သော မောင်းနှင် ပရိုဂရမ်း (Bad Driver) သို့မဟုတ် စနစ်အသွင်အပြင် (System configuration) တို့ကို မှတ်ဥာဏ်အတွင်းသို့ မရောက်ရှိစေဘဲ စက်နှိုးနိုင်စေပါသည်။ စက်နှိုးစဉ် ( F8 ) နှင် ( F5 ) ခလုတ်တို့ကို နှိပ်ထားခြင်းဖြင့် Sage mode ကို ရောက်ရှိနိုင်ပါသည်။

Safe mode with network support
Safe mode ဖြင့် စက်နှိုးသော်လည်း ကွန်ယက်မောင်းနှင်ပရိုဂရမ် ( network drivers ) များကို မှတ်ဥာဏ်အတွင်းသို့ ( Load ) ရောက်ရှိသည်။ ကွန်ယက်သို့ ၀င်ရောက်နိုင်စေရန်ဖြစ်ပါသည်။ သို့သော် ကွန်ယက်ဖြင့် ဆက်သွယ်ထားသော စနစ် ( networked system ) များတွင်သာ ရရှိနိုင်ပါသည်။
Step-by-step configuration
အလိုအလျောက်မှတ်ဥာဏ်တွင်းရောက်ရှိစေသော ( driver ) ပရှိဂရမ်များ ပါဝင်ပါတယ်။ သို့သော် ၄င်းတို့အား မမြင်ရပါ။
Command prompt Only
စက်နှိုးရာတွင် သုံးသောဖိုင် ( startup file ) များကို မှတ်ဥာဏ် အတွင်းသို့ ရောက်ရှိစေပြီး၊ ဂရပ်ဖစ်ပိုင်းဆိုင်ရာ ပရိုဂရမ်များ အသုံးမပြုနိုင်ပါ။
Safe mode with command prompt Only
စက်နှိုးရာတွင် အသုံးပြုသောဖိုင်များ ( Startup file ) များကို လစ်လျူရှု၍ C:\ သို့ရောက်ရှိစေပါသည်။ Windows သို့ရောက်ရှိစေရန် စက်ပြန်နှိုး ( Reboot ) ပြုလုပ်ရမည်ဖြစ်ပါသည်။
Last Known Good Configuration
ဝင်းဒိုးအိပ်စ်ပီမှာ Driver အသစ်တစ်ခု ထည့်သွင်းရာမှာ စနစ်ကို ပြန်လည်အစပြု (Reboot)စဉ်ပြဿနာ ပေါ်ပေါက်လာတတ်ပါသည်။ ထိုအခါ F8 ကို နှိပ်၍ Boot Menu သို့ဝင်ရောက်ပြီး Last Known Good Configuration ကိုရွေးချယ်ခြင်းဖြင့် စက်နှိုးမှုဖြစ်စဉ်ဖြင့်ဖြောင့်တန်းသွားစေပါသည်။

ဆက်လက်ဖတ်ရန်နှိပ်ပါ

Tuesday, January 29, 2013

Registry ဆိုတာ ?

Phoekhwar(ဖိုးခွါး) | 9:49 AM |
Registry ဟာ User က Computer system မှာ ပြုလုပ်ထားတဲ့ setting တွေကို သိမ်းထားပါတယ်။ Background ကို ပြောင်းခြင်း (သို့မဟုတ်) Control panel ထဲမှာ လုပ်သမျှ setting တွေ့ကအစ သိမ်းထားပါတယ်။ သင်ဟာ Program များ Install လုပ်ခြင်း (သို့မဟုတ်) Hardware အသစ်ထည့်ခြင်းများကို Registry ထဲမှာ မှတ်ထားပြီး နောက်တစ်ခေါက် computer ဖွင့်တဲ့အခါ Registry ထဲမှာ မှတ်ထားတဲ့ setting အတိုင်း Window ကို တင်ပေးပါတယ်။ Registry ကိုပြင်ဆင်လို့ရပါသလား >>> setting အများစုကို Controlpanel ဖြင့် ပြင်ဆင်လို့ရပါတယ်။ Control panel မှာပါဝင်တဲ့ setting များကို Registry ထဲမှာဝင်ပြီး ပြင်ဆင်နိုင်တယ်။ ၄င်း setting များသည် မပြင်တတ်ရင် Windows System ကို ပျက်စီးနိုင်သောကြောင့် Microsoft ကသာမန် user တွေ မထိတွေ့နိုင် အောင်ဖွင့်ပေးမထားပါဘူး။ [ Registry Editor ] တွင် အဓိက Main Key များရှိပါသည်။ ၄င်းတို့သည် Windows O/S အလိုက် ပါဝင်မူကွာပါသည်... ဥပမာ [ Window 98/ME မှာဆိုရင် အဓိက Main Key က ခြောက်ခုရှိပြီး Window 2000/XP/seven တို့တွင် ငါးခုပါရှိပါသည်။ ထို့ကြောင့် computer system မတူညီခြင်းကြောင့် Registry လည်းမတူညီနိုင်ပါ။ အချို့ အရေးကြီးတဲ့ Key တွေကို ပြင်ခြင်း ၊ Delete လုပ်လို့ မရပါ။ Main Key ရဲ့ အောက်မှာ Key အသစ်ထည့်လို့ရပါတယ်။ SubKey လို့ခေါ်ပါတယ်...[SubKey] ရဲ့အောက်တွင် Value တွေ အမျိုးမျိုးထည့်နိုင်ပါတယ်။ Registry Editor ထဲကိုဝင်ချင်ရင် Window Key + R ကိုတွဲနှိပ်ပြီး Runbox တွင် regedit လိုရိုက်ပြီး ၀င်နိုင်သလို့ Command Line ကိုလည်းဖွင့်ရွေ့ regedit လို့ရိုက်ပြီးဝင်နိုင်ပါသည်။ Main Key ငါးခု၏ အလုပ်လုပ်ပုံများ.............. [ HKEY - CLASSES - ROOT ] Key ထဲမှာ Extension name ရဲ့ setting တွေကို သိမ်းထားပါတယ်။[jpg] ဆိုတဲ့ file ဟာ ပုံဖြင့် အသိအမှတ်ပြုပြီး ဘယ် Program နဲ့ဖွင့်ရမယ်ဆိုတာကို မှတ်ထားပါတယ်။ ဥပမာ [doc] file ကို word pad ဖြင့် ဖွင့်ပြီး [txt] ကို notepad ဖြင့် ဖွင့်ရမှာဖြစ်ပါတယ်။
[ HKEY - CURRENT - USER ] Key ကတော့ ၄င်းထဲမှာ login လုပ်ထားတဲ့ user ရဲ့ Registry setting တွေကို သိမ်းထားပါတယ်။ user တစ်ယောက် ပဲရှိရင် အထဲမှာရှိတဲ့ data တွေဟာ [ HKEY - USERS ] ထဲမှာရှိတဲ့ data တွေနဲ့တူညီပါတယ်။ [ HKEY - CURRENT - USER ] ဟာ login လုပ်ထားတဲ့ User က ပြုပြင်တဲ့ Windows setting တွေကို သိမ်းထားပါတယ်။ ဒါကြောင့် အခြား user ဖြင့် login လုပ်ရင်တော့ setting တွေဟာ တူညီမှာမဟုတ်ပါဘူး။
[ HKEY - LOCAL - MACHINE ] ကတော့ Hardware တွေနဲ့ဆိုင်တဲ့ data တွေကို သိမ်းထားပါတယ်။ ဥပမာ - CD-ROM, Printer တွေရဲ့ data နဲ့ setting တွေနောက်ပြီး BIOS ရဲ့ setting တွေကိုပါ အထဲမှာ သိမ်းထားပါတယ်။
[ HKEY - USERS ] ကတော့ user တွေရဲ့ setting တွေကိုသိမ်းထားပါတယ်။ user တစ်ယောက်ပဲရှိရင်တော့ [ HKEY - CURRENT - USERS ] နဲ့ [ HKEY - USERS\DEFAULT ] ထဲက data တွေဟာတူညီပါတယ်။ user အများကြီးရှိရင်တော့ [ HKEY - USER ] အောက်မှာ user name ရဲ့ နာမည်ဖြင့်ပြုလုပ်ထားတဲ့ [ sub Key ] တွေရှိပါတယ်။
[ HKEY - CURRENT - CONFIG ] ထဲမှာတော့ ယခုအသုံးပြုထားတဲ့ Hardware setting တွေကို သိမ်းထားပါတယ်။ Hardware setting တွေ အမျိုးမျိုးရှိရင်တော့ [ HKEY - CURRENT - CONFIG ] နဲ့ [ HKEY - LOCAL - MACHINE \config\current ] ဟာ လက်ရှိအသုံးပြုသည့် setting တွေကို သိမ်းထားပါတယ်။ setting တမျိုးထဲရှိရင်တော့ [ HKEY - CURRENT - CONFIG ] နဲ့ [ HKEY - LOCAL - MACHINE\config\0001] တူညီပါတယ်။

String Value
String value ဟာ နာမည်အတိုင်းပဲ string တွေကို သိမ်းထားပါတယ်။ String အများကြီးကို သိမ်းထားလို့ရပါတယ်။ ကိန်းဂဏန်းအနေနဲ့လည်း အစားထိုးသိမ်းထားလို့ရပါတယ်။ ဒသမကိန်းတွေလည်း ပါဝင်ပါတယ်။
Binary Value
Binary value မှာ Binary တွေကိုပဲ သိမ်းထားလို့ရပါတယ်။ String နဲ့ DWORD တွေ သိမ်းလို့မရပါဘူး။ Registry Editor ထဲက အနောက်မှာ [ 00 04 00 00 ... ] တွေဟာ Binary value တွေ ဖြစ်ပါတယ်။
DWORD Value
DWORD ဟာ Decimal number နဲ့ hexadecimal number တွေ ထည့်လို့ရပါတယ်။ Registry Editro မှာ 0x00000010 9 ( 16 ) ဟာ DWORD value တွေဖြစ်ပါတယ်။ DWORD value ဟာ color setting တွေ cache တွေမှာ အသုံးပြုများပါတယ်။

ဆက်လက်ဖတ်ရန်နှိပ်ပါ

Windows Password ပြောင်းလဲခြင်း

Phoekhwar(ဖိုးခွါး) | 9:41 AM |
Reset dic မရှိဘဲ Windows password ပြောင်းလဲခြင်း Windows ရဲ့ password ကို ပြောင်းချင်ပေမယ့် password reset disc မရှိတဲ့အခါမှာ လုပ်ရမယ့် နည်းလမ်းတွေကိုဖော်ပြလိုက်ပါတယ်။
  1. PC ကို windows installation disc ကနေ တစ်ဆင့် boot တက်ပါ
  2. Setup file တွေပေါ်လာရင် ကိုယ့်ရဲ့ ဘာသာစကားကို ရွေးပြီးတော့ next ကို နှိပ်ပါ။
  3. Install windows screen ပေါ်မှာ repair your computer ဆိုတဲ့ link ကို နှိပ်ပါ။
  4. တင်ရမယ့် O/S ကို ရွေးချယ်ပါ။ ပြီးတော့ O/S install လုပ်ထားတဲ့ drive letter ကိုမှတ်ထားပါ။ ပြီးတော့ next ကို နှိပ်ပါ။
  5. Command prompt ကို recovery tool list ထဲမှာ ရှာနှိပ်ပါ။ နောက်လာမယ့် အဆင့် ၂ ခုမှာ အသုံးပြုတဲ့ drive letter ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့် O/S က တခြား drive တစ်ခုပေါ်မှာရှိနေရင် အဲဒီ drive letter ကို အသုံးပြုပါ။
  6. Command prompt မှာ copy c:\>windows\system 32\sethc.exe c:\ ကို ရိုက်ထည့်ပါ။ ပြီးတော့ enter ခေါက်ပါ။
  7. copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe ကို ရိုက်ထည့်ပါ။ ပြီးတော့ enter ခေါက်ပါ။
  8. Command prompt က ထွက်ပြီးတော့ PC ကို reboot လုပ်ပါ။ login screen မှာ shift ကို ၅ ကြိမ်နှိပ်ပါ။ ဒီလိုလုပ်တာက command prompt ပေါ်လာပါလိမ့်မယ်။
  9. Net user name နဲ့ password ကို ရိုက်ထည့်ပါ။ User name နေရာမှာ အခုအသစ် username ရိုက်ထည့်ပြီး password နေရာမှာ လည်း အသစ်ရိုက်ထည့်ရမှာပါ။
  10. Command prompt က ထွက်ပါ။ password အသစ်သုံးပြီး log ပြန်ဝင်ပါ။ User အသစ်တွေက ကိုယ့်လိုလိုက်ပြီးတော့ password မပြောင်း နိုင်အောင် အောက်မှာဖော်ပြထားတဲ့အတိုင်းလုပ်ပါ။
  11. အပေါ်မှာ ဖော်ပြထားခဲ့သလိုမျိုး PC ကို Window installation disc ကို သုံးပြီး boot တက်ပါ။ Recovery tool ကို ဖွင့်ပါ။ Command prompt ကို ဖွင့်ပါ။
  12. copy / y c:\sethc.exe c:\widows\system32\sethc.exe ကို ရိုက်ပါ။ Enter နှိပ်ပါ။
  13. Command prompt ကနေထွက်ပြီး computer ကို Reboot လုပ်လိုက်ရင် အားလုံးပြီး သွားပါပြီ။

    ( Ref: PCWorldMyanmar )

ဆက်လက်ဖတ်ရန်နှိပ်ပါ

ဗဟုသုတ ဒိုင်ယာရီ ( ၁ )

Phoekhwar(ဖိုးခွါး) | 8:40 AM |

မြန်မာနိုင်ငံရှိ မြို့များနှင့် မိုင်အကွာအဝေး

ရန်ကုန်
ပဲခူး
၅၀ - မိုင်
ပဲခူး
တောင်ငူ
၁၂၅ - မိုင်
တောင်ငူ
ပျဉ်းမနား
၉၆ - မိုင်
ပျဉ်းမနား
မန္တလေး
၁၈၈ - မိုင်
ရန်ကုန်
မန္တလေး
၄၃၂ - မိုင်
ရန်ကုန်
သာယာဝတီ
၇၈ - မိုင်
သာယာဝတီ
ပေါင်းတည်
၆၅ - မိုင်
ပေါင်းတည်
ပြည်
၃၆ - မိုင်
ပြည်
အောင်လံ
၄၄ - မိုင်
အောင်လံ
တောင်တွင်းကြီး
၅၇ - မိုင်
တောင်တွင်းကြီး
မကွေး
၅၁ - မိုင်
မကွေး
ရေနံချောင်း
၃၂ - မိုင်
ရေနံချောင်း
ကျောက်ပန်းတောင်း
၃၄ - မိုင်
ကျောက်ပန်းတောင်း
ပုဂံ
၃၄ - မိုင်
ကျောက်ပန်းတောင်း
မိတ္ထီလာ
၆၀ - မိုင်
ကျောက်ပန်းတောင်း
မြင်းခြံ
၅၉ - မိုင်
မြင်းခြံ
နွားထိုးကြီး
၂၀ - မိုင်
နွားထိုးကြီး
မြစ်သား
၃၄ - မိုင်
မြစ်သား
ကျောက်ဆည်
၁၈ - မိုင်
ကျောက်ဆည်
မန္တလေး
၃၀ - မိုင်
မန္တလေး
မိတ္ထီလာ
၉၆ - မိုင်
ကလော
တောင်ကြီး
၇၂ - မိုင်
မန္တလေး
တောင်ကြီး
၁၃၈ - မိုင်
တောင်ကြီး
ကျိုင်းတုံ
၁၄၄ - မိုင်
မန္တလေး
ပြင်ဦးလွင်
၄၂ - မိုင်
ပြင်ဦးလွင်
သီပေါ
၃၇ - မိုင်
သီပေါ
လားရှိုး
၄၆ - မိုင်
လားရှိုး
သိန္နိ
၃၂ - မိုင်
သိန္နီ
ကွတ်ခိုင်
၁၆ - မိုင်
ကွတ်ခိုင်
မူဆယ်
၅၄ - မိုင်
လားရှိုး
မူဆယ်
၅၄ - မိုင်
မူဆယ်
နမ့်ခမ်း
၁၉ - မိုင်
သိန္နီ
ကွမ်းလုံ
၅၃ - မိုင်
မန္တလေး
မတ္တရာ
၂၂ - မိုင်
မတ္တရာ
စဉ်ကူး
၂၇ - မိုင်
စဉ်ကူး
သပိတ်ကျင်း
၃၀ - မိုင်
မန္တလေး
ရွှေဘို
၇၁ - မိုင်
ရွှေဘို
မြစ်ကြီးနား
၄၁၆ - မိုင်
မန္ကလေး
မြစ်ကြီးနား
၄၈၇ - မိုင်
ရန်ကုန်
မြစ်ကြီးနား
၉၁၉ - မိုင်
မြစ်ကြီးနား
မြစ်ဆုံ
၂၇ - မိုင်
မြစ်ဆုံ
ဆွမ်ပရာဘွမ်
၉၂ - မိုင်
ဆွမ်ပရာဘွမ်
မချမ်းဘော
၇၂ - မိုင်
မချမ်းဘော
ပူတာအို
၄၁ - မိုင်
မချမ်းဘော
နောင်မွန်း
၄၁ - မိုင်
မြစ်ကြီးနား
မိုးကောင်း
၃၂ - မိုင်
ကာမိုင်
လုံးခင်း
၅၁ - မိုင်
လုံးခင်း
ဖားကန့်
၇ - မိုင်
မြစ်ကြီးနား
တနိုင်း
၁၂၀ - မိုင်
မြစ်ကြီးနား
မိုးမောက်
၁၀၇ - မိုင်
မိုးမောက်
ဗန်းမော်
၉ - မိုင်
မန္ကလေး
စစ်ကိုင်း
၁၂ - မိုင်
စစ်ကိုင်း
အုန်းတော
၁၅ - မိုင်
အုန်းတော
မြင်းမူ
၂၂ - မိုင်
ချောင်းဦး
မုံရွာ
၁၄ - မိုင်
မန္ကလေး
မုံရွာ
၈၅ - မိုင်
မုံရွာ
ဘုတလင်
၂၁ - မိုင်
ဘုတလင်
စိုင်ပြင်
၁၄ - မိုင်
စိုင်ပြင်
ဒီပဲယင်း
၁၀ - မိုင်
ဒီပဲယင်း
ရေဦး
၉ - မိုင်
ရေဦး
တန့်ဆည်
၁၃ - မိုင်
တန့်ဆည်
ကံထူးမ
၁၁ - မိုင်
ကံထူးမ
ပျဉ်ကိုင်း
၃၈ - မိုင်
ပျဉ်ကိုင်း
ကလေးဝ
၄၅ - မိုင်
မုံရွာ
ကလေးဝ
၁၆၀ - မိုင်
မုံရွာ
ပခုက္ကူ
၇၂ - မိုင်

ဆက်လက်ဖတ်ရန်နှိပ်ပါ

ဗဟုသုတ ဒိုင်ယာရီ ( ၂ )

Phoekhwar(ဖိုးခွါး) | 8:19 AM |
Youth Network Services Center

အင်္ဂလိပ် - မြန်မာ မက်ထရစ်စနစ် အလေးချိန်ဆက်သွယ်ပုံ၊ညီမျှပုံ

တန်
၆၂၄ - ပိဿာ
တန်
၂၂၄၀ - ပေါင်
တန်
၁၀၀၀ - ကီလိုဂရမ်
ပိဿာ
၃.၆- ပေါင်
ပေါင်
၂၇ - ကျပ်ခွဲသား
ကီလိုဂရမ်
၆၂ - ကျပ်ခွဲသား
၁၆
ဒြပ်
၁ - အောင်စ
၁၆
အောင်စ
၁ - ပေါင်
၁၄
ပေါင်
၁ - စတုံ
စတုံ
၁ - ကွာတာ
ကွာတ
၁ - ဟနြ္ဒိတ်
၂၀
ဟနြ္ဒိတ်
၁ - တန်
၂၂၄၀
ပေါင်
၁ - တန်

ဆက်လက်ဖတ်ရန်နှိပ်ပါ

Windows O/S တင်ပြီးနောက်

Phoekhwar(ဖိုးခွါး) | 8:02 AM |
Windows တင်ပြီးနောက်... ၀င်းဒိုးတင်ပီးစက်ကိုလိုအပ်သော အသံဖိုင်၊ ရုပ်ဖိုင်၊ နက်ဝပ်ဖိုင်၊ စသည့်တိုကိုပြုလုပ်ပုံအဆင့်ဆင် (ပထမအဆင့်)၀င်းဒိုးအသစ်တင်ပီးပီဟုယူဆပါတယ်။(ဒုတိယအဆင်)့ မိမိကွန်ပျူတာ (သို့မဟုတ်)အသစ်တင်ပီးကွန်ပျူတာတွင်သီချင်းဖွင့်ရင်Driver Files များတင်ပုံအဆင့်အဆင့်အောက်အတိုင်လိုက်လုပ်ပါ။ my computer R+click,choose manage ကိုနှိပ်ပါပီးနောက်မိမိစက်တွင် သက်ဆိုင်ရာDriver များသိမသိကို အ၀ါရောက်အမှတ်အသားဖြင့်ပြထားပါသည်။.... ?သည် မိမိစက်တွင်တပ်ဆင်ထားသောHardware Devices နှင့်မကိုက်ညီသော Driver Error ကြောင့်ဖြစ်ပါသည်။ ! သည်မိမိစက်တွင်တပ်ဆင်ထားသောHardware Devices Error ကြောင့်ဖြစ်ပါသည်။ x သည်မိမ်စက်တွင်ရှိ Devices ကို Disable ပြုလုပ်ထားသောကြောင့်ဖြစ်ပါသည်။ မိမိစက်တွင်လည်းကောင်းသင်္ကေတသုံးခုထဲကတခုခုဖြစ်နေပါက သက်ဆိုင်ရာလုပ်ဆောင်ချက်များကိုလုပ်ဆောာင်လိုရမည့်မဟုတ်ပါ။ဥပမာ( sound drive ဖြစ်နေပါက သီချင်းဖွင့်လျှင် အသံထွက်ပေါ်လာမြည်မဟုတ်ပါ။ ၄င်းပုံစံများဖြစ်နေပါက မိမိကွန်ပျူတာကို Driver များကို မိမိစက်ရဲ့ Motherboard Driver သော်၎င်း လိုအပ်တဲ့သက်ဆိုင်ရာ Driver များကို Install လုပ်ပေးရပါမည်။
ဆက်လက်ဖတ်ရန်နှိပ်ပါ

Ntldr Missing ဖြေရှင်းနည်း

Phoekhwar(ဖိုးခွါး) | 7:55 AM |
စက်ကိုပါဝါဖွင့်လိုက်တိုင်း "Ntldr is Missing , Ctrl+Alt+Del To restart" ဆိုပြီစာတန်းပြပီး ကွန်ပျူတာကို Restart ခိုင်ပါတော့တယ်။လည်းကောင်းကိုဖြေရှင်းရန်နှစ်ချက်ရှိပါတယ်။(ပထမနည်းလမ်း)အင်တာနက်ကိုကိုင်တွယ်အသုံးပြုသောသူများသာအဆင်ပြေနိုင်ပါတယ်။အင်တက်နက်တွင် မိမိဝင်ဒိုးနှင့်ဆိုင်သော Boot Files များကိုဒေါင့်လုပ်ချပီး.. stick နှင့် ကူးထားပါ။ပြီးနောက် မိမိတွင် windows ကို LiveCD နဲ့ တက်နိုင်အောင်လုပ်ပါ။ ထို့နောက် မိမိကူးထားသော Stick ( Boot Files)ပါသောstickကိုတပ်ဆင်ပါပြီးနောက် လည်းကောင်းထဲမှ ဖိုင်တွေကို မိမိဝင်းဒိုးတင်ထားသော Partition ရဲ့ windows အောက်တွင်ကူးထည့်လိုက်ပါ။ (ဒုတိယနည်းလမ်း) Windows ကို Repair ပြန်လုပ်လိုက်ပါ။ ( copy x:\i386\ntldr c:\ , copy x:\i386\ntdetect.com c:\ ( မှတ်ချက်။ ။ X နေရာ မိမိ Windows တင်တဲ့အပိုင်းဖြစ်ပါတယ်။) အဲဒီ နှစ်ဖိုင်ကို Copy ကူးပြီ ထည့်တာနဲ့ computer ကို Restart ချလိုက်တာနဲ့ ရပါပြီး။........ Repair လုပ်လို့ အဆင်မပြေက Memory Card ကို စစ်ဆေးကြည့်ပါ.။ Hard Disk ကောင်းမကောင်း သိရအောင် အခြားစက်တစ်လုံးမှာ စမ်းကြည့်ပါ.။ Hard Disk က မပျက်တာသေချာရင် Hard Disk သိအောင် လုပ်ရမှာ ဖြစ်တာကြောင့်တစ်ခုဖြုတ်လိုက် ပြန်တက်လိုက်.မကောင်းရင်ကျန်တာပြန်ဖြုတ် ပြန်တက်စတဲ့အတိုင်း Hard Disk မသိတာကို သိအောင် လုပ်ဆောင်လိုက်ပါ.။ (Hardwareတွေကိုတစ်ခုခြင်းဖြုတ်တပ်လုပ်ရမှာဖြစ်ပါတယ်။အဓိကကတော့Memoryနဲ့Batteryကိုသာအရင်စမ်းပြီလုပ်ကြည့်ပါ။ ကျွန်တော်ကတော့Memory(RAM)ဖြုတ်ပြီပြန်တပ်တာနဲ့အဆင်ပြေသွားပါတယ်။)
ဆက်လက်ဖတ်ရန်နှိပ်ပါ

Windows O/S လုပ်ငန်းစဉ်

Phoekhwar(ဖိုးခွါး) | 7:50 AM |
ကွန်ပျူတာ ကိုပါဝါ ဖွင့်လိုက်သည်နှင့် အမာထည်လျှပ်စစ်စီးပြားများတွင် လျှပ်စစ်စတင်စီးဆင့်ပြီး ၀င်းဒိုး စနစ်ကို လည်ပတ်နိုင်လောက်သော ပစ္စည်းများ ကောင်းမွန်စွာ လည်ပတ်ရဲ့လားဆိုတာ စတင်စစ်ဆေးပါတယ်။ လည်းကောင်းကို Boot Strating လုပ်တယ်လိုဆိုပါတယ်။ တပ်ဆင်ထားသည့် Hardware ပိုင်းဆိုင်ရာများဖြစ်တဲ့ Devices များတပ်ဆင်ထားသမျှတို့ ကို ကောင်းမွန်ကြောင်းအတည်ပြုချက်ကို Power On Self Test(POST) လိုခေါ်ပါတယ်။ ပြီးလျှင် Windows တက်ရန် windows OS ကို စတင်ဖို့အတွက် O/S Boot ကိုရှာဖွေပါတယ်။ Hard disk မှာရှိလျှင် တန်းတက် သွားပြီး၊ Hard disk ပျက်နေလို့၊ ဒါမှမဟုတ် OS Boot မရှိလျှင် OS Boot Disk တစ်ခုခုပေးဖိုတောင်းဆိုလာပါလိမ့်မယ်။.......... ကွန်ပျူတာကို စတင်ဖွင့်လိုက်သည်နှင့် Windows OS စတင်ရန်အတွက် Boot File တွေ လိုအပ်ပါတယ်။ Windows OS အတွက် အရေးပါဆုံး System File တွေကတော့- IO.SYS , CONFIG.SYS, MSDOS.SYS, AUTOEXE.BAT, NTDETECT.COM တို့ ဖြစ်ပါတယ်။ ဒီထက်ပို သိသင့်တဲ့ Essential Startup Process File တွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၎င်းကို Boot or Root Directory လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ Essential Startup Process File အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ Ntldr Windows စတင်မှုအတွက် Boot.ini File ကို ဖတ်ပါတယ်။ Windows စတင်ရန် မရှိမဖြစ် Ntoskrnl.exe, Bootvid.dll, Hal.dll တွေကို ရှာဖွေ မောင်းနှင်ပါတယ်။ ၎င်းတို့နှင့်အတူတကွ Device Driver တွေကိုလည်း ရှာဖွေ မောင်းနှင်ရပါတယ်။ Boot.ini Windows စတင်မှုအတွက် Install Control File ဖြစ်ပါတယ်။ Ntdetect.com Ntldr စတင်မှုတါင် ပါဝင်လုပ်ဆောင်ပါတယ်။ တပ်ဆင်ထားတဲ့ Basic Device တွေကို Executes and loading တွေကို တာဝန်ယူပါတယ်။ Pagefile.sys Memory, Physical RAM တွေကို စစ်ဆေးအတည်ပြုပေးပါတယ်။ Windows OS လိုအပ်သော Memory ပမာဏနှင့် Application လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်ပါတယ်။ Ntbootdd.sys Ntldr စတင်မှုတွင် ပါဝင်လုပ်ဆောင်ပါတယ်။ Boot-Code တွေကို disk တွေပေါ်မှာ ထိန်းချုပ်စီစဉ် ပေးပါတယ်။ Boot System နဲ့ System Drives တွေကို သဟဇာတဖြစ်အောင် စီမံပေးသူလည်း ဖြစ်ပါတယ်။ အထက်ပါ Essential Startup Process File တွေကို Hacker တွေ၊ Virus ရေးသူတွေဟာ မျက်စိကျကြပါ တယ်။ စနစ်တစ်ခုလုံး၏ အသက်သွေးကြောတွေ ဖြစ်နေလို့ပါ။
ဆက်လက်ဖတ်ရန်နှိပ်ပါ

Friday, January 25, 2013

ကွန်ပျူတာမိတ်ဆက်

Phoekhwar(ဖိုးခွါး) | 5:47 AM |
ကွန်ပျူတာဆိုသည်မှာ မြန်မာဝေါဟာရ စစ်စစ်မဟုတ်ပါ။ English စကားလုံး Computer ကိုမွေးစားယူ လိုက်ခြင်း သာဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ကွန်ပျူနည်းပညာစတင်ရောက်လာစအချိန်ကနတ်ဦးနောက်စက်ဟုခေါ်ခဲံကြသည်။ ကွန်ပျူတာဆိုသည်မှ လူတို့၏ဦးနှောက်ကို တုပထားသော လူတို့ကိုအကူအညီပေးသော ကိရိယာတစ်မျိုးဖြစ်သည်။ လူ၏ဦးနှောက်ကဲ့သို့ မှတ်ဥာဏ်(memory) ရှိသော်လည်း လူလိုအသိဥာဏ်(Intelligence) မရှိပါ။လူကမခိုင်းလျှင် ကွန်ပျူတာသည် မည်သည့်အရာမှ မစွမ်းဆောင်ပေးနိုင်ပါ။ “ ကွန်ပျူတာကိုနည်းပညာအရ တိတိကျကျအဓိပ်ပယ်ဖွင့်ဆိုလျှင် " Computer is a General Purpose, Automatic, Electronic, Stored Program, Digital, Data Processing Machine" ဖြစ်ပါသည်။ မန်မာဘာသာဖြင့် ပြန်ဆိုပါက ကွန်ပျူဆိုသည်မှာ ကြိုတင်သတ်မှတ် ထားသောအစီအစဉ်များကို သိမ်းဆည်းမှတ်သားထားပြီး အီလက်ထရွန်းနစ် သဘောအားဖြင့် ကိန်းဂဏန်းများအသုံးပြုရွေ့ အလိုအလျာက်အချက်အလက်ပြုစုပေးနိုင်သောအထွေအထွသုံး ကိရိယာဖြစ်ပါသည်။ ကွန်ပျူတာ နှစ်မျိုးနှစ်စားရှိသည်။ အနာလော့ (Analog) နှင့်ဒစ်ဂျစ်တယ် (Digital) တို့ ဖြစ်ကြသည်။ အနာလော့ ကွန်ပျူတာဆိုသည်မှာ စက်ယန်တာရားသဘော၊ လျှပ်စစ်သဘောအရ အလုပ်လုပ်သောနေရာမှ ပေါ်ထွက်လာသော အပူရှိန်၊ဖိအား၊ဗို့အား လည်ပတ်မူ စသောရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်မူတို့ကို တိုင်းတာပြီး အလုပ်လုပ်သော ကွန်ပျူတမျိုးဖြစ်သည်။ ဒစ်ဂှစ်တယ် ကွန်ပျူတာဆိုသည်မှာ ကုဒ်(Code) အမှတ်သင်္ကေတများ၊ ကိန်းဂဏန်းများအရ အလုပ်လုပ်သောကွန်ပျူတာဖြစ်သည်။ထို့ကြောင့်ယနေ့ ကွန်ပျူတာဟုသုံးလျှင် ဒစ်ဂျစ်တယ် ကွန်ပျူတာကိုသာ ဆိုလိုခြင်းဖြစ်သည်။.......
ဆက်လက်ဖတ်ရန်နှိပ်ပါ