ဆက်လက်ဖတ်ရန်နှိပ်ပါ
IT Sharing(manawmyay)
Wednesday, August 17, 2016
Thursday, August 20, 2015
Web Error Message
Phoekhwar(ဖိုးခွါး) | 1:30 AM |
- 400 Bad Request ဒီ error ကတော့ တောင်းဆိုတဲ့ Data တွေကို Web Server က နားမလည်ဘူးလို့ပြောတာပါ။ အဲဒီပြဿ နာအများစုဟာ address မှာရိုက်ထည့်တဲ့အခါမျိုးမှာ ချို့ယွင်းခဲ့ရင်ဖော်ပြပေးလေ့ရှိပါတယ်။
- 401 Unauthorized Access ဒီ error ကတော့ မိမိတောင်းဆိုတဲ့ Page ကိုခွင့်ပြုချက်အရင်ရယူဖို့မလုပ်ဘဲ၊ဒါမှမဟုတ် Username,Password တွေမထည့်ပဲဝင်ကြည့်မိတဲ့အတွက် error ပြတတ်ပါတယ်။
- 403 Access Forbidden ဒီ error ကတော့ ကိုတောင်းဆိုလိုက်တဲ့ site ရဲ့ Data တွေဟာ သင့်ကို Access လုပ်ခွင့်မပြုဘူးလို့ပြောတာပါ။
- 404 File Not Found ဒီ error ကတော့ သင်တောင်းဆိုလိုက်တဲ့ ဒေတာဖိုင်ကို Web Server က မတွေ့ဘူးလို့ အကြောင်းကြားတာပါ။ တစ်ခါတစ်လေမှာ ယာယီပြဿ နာဖြစ်တာပါ။ ထို့ကြောင်း မိမိ web page ကို Reload ပြန်လုပ်ကြည့်လိုက်ပါ။
- 500 Internal Server Error ဒီ error message ကတော့ Web Server က သင့်တောင်းဆိုလိုက်တဲ့ ဒေတာတွေကိုဖော်ပြပေးဖို့အတွက်လုပ်ဆောင်ရာမှာ Internal Error ဖြစ်နေလို့ဖြစ်ပါတယ်။ Web Page ကို reload ပြန်လုပ်ကြည့်ရင် ရတတ်ပါတယ်။
- 501 Service Not complemented ဒီ error message ကတော့ သင့်တောင်းဆိုလိုက်တဲ့ဒေတာတွေဟာ သီးသန့် Protocol တွေ သုံးထားတာ၊ Security System တွေ ၊ဒါမှမဟုတ် တခြား Services တွေကြောင့်ဖြစ်နိုင်ပါတယ်။
- 503 Service Unavialable ဒီ error message ကတော့ သင့်ရဲ့တောင်းဆိုချက်ကို Web Server ကနေကိုင်တွယ် လုပ်ဆောင်ပေးနိုင်ခြင်းမရှိတဲ့ အခါမျိုးမှာဖော်ပြတဲ့ error message ဖြစ်ပါတယ်။ Web Server က အရမ်းအလုပ်လုပ်နေရလို့ ဘယ်တောင်းဆိုမှုမျိုးကိုမှ လက်ခံဆောင်ရွက်မပေးနိုင်တဲ့အခိန်ဖြစ်နိုင်ပါတယ်။
ဆက်လက်ဖတ်ရန်နှိပ်ပါ
Saturday, August 8, 2015
ITSHARINGYNS.BLOGSPOT.COM
Phoekhwar(ဖိုးခွါး) | 1:35 AM |
itsharingyns.blogspot.com
ကျွန်တော် Blog ဆိုဒ်တွင် Post အသစ်များ ပြန်လည်တင်ပါတော့မည်။ အားပေးကြသူများ ကိုလေးစားလျှက် ....
( ကျေးဇူးတင်လျှက် ....မနော်မြေ)
ဆက်လက်ဖတ်ရန်နှိပ်ပါ
ဆက်လက်ဖတ်ရန်နှိပ်ပါ
Sunday, July 21, 2013
Overview of Wireless Technology
Phoekhwar(ဖိုးခွါး) | 11:52 PM |
- Wireless Network Wireless network ဟာလည်း ရိုးရိုး network လိုပါပဲ။ OSI seven layer model နဲ့ Protocol တွေကို သုံးပါတယ်။ Data တွေ Access လုပ်နိုင်ဖို့အတွက် ကြိုးတွေအစား Radio Waves တွေအသုံးပြုတာပဲ ကွားခြားပါတယ်။ယခုမျက်မှောက်ခေတ်မှာတော့ wireless နည်းပညာထဲမှာ IEEE 802.11 wireless ( Wi-Fi လို့လည်းခေါ်ပါတယ်)နဲ့ Home radio Frequency ( Home RF ) တို့ခေတ်စားပါတယ်။ နောက်ထပ်လူသုံးများလာတဲ့ Wireless နည်းပညာတော့ Bluetooth နည်းပညာပါ။ Wireless နည်းပညာဟာ ပစ္စည်းတွေကို Network Cable ကြိုးတွေ မပါဝင်ဘဲ အချင်းချင်းဆက်သွယ်တဲ့နည်းပညာဖြစ်ပါတယ်။ Wireless မှာ Data အပို့၊ အယူတွေကို Radio Frequency တွေကို အသုံးပြုပါတယ်။
- Wireless Frequency Range Wireless network မှာ သူတို့ရောက်ရှိနိုင်တဲ့ Frequency Range ပမာဏပေါ်မူတည်ပြီးတော့ ( ၃ ) မျိုးခွဲခြားနိုင်ပါတယ်။ အဲဒါတွေက WWAN, WLAN နဲ့ WPAN တို့ဖြစ်ပါတယ်။ အရှည်ကောက်တွေကတော့ Wireless Wide Area Network , Wireless Local Area Network, Wireless Personal Area Network တို့ဖြစ်ပါတယ်။
- WWAN WWAN မှာ 3G, 2G cellular, cellular digital packet data ( CDPD ), Gobal System for Mobile Communications ( GSM ) နဲ့ Mobitex တွေ ပါဝပါတယ်။
- WLAN WLAN မှာ 802.11 wierless network, Hiper LAN နဲ့ တခြား network တွေ ပါဝပါတယ်။
- WPAN WPAN မှာ Bluetooth နဲ့ IR နည်းပညာသုံး network တွေပါဝပါတယ်။
(Wireless ဆိုရင် Frequency က ဇာတ်လိုက်ပဲဖြစ်တယ် ဒါကြောင့် Frequency အကြောင်းကို နားလည်နေရမယ် ။ အင့် Frequency ဆိုလို သူရဲ့ယူနစ်ကို ကျွန်တော်တို့သိရှိပြီးဖြစ်မှာပါ Hertz (Hz ) ဟုတ်တယ်မဟုတ်လား (သို့သော်) ၄င်းယူနစ်သည် Frequency ၏ ယူနစ်အမှန်မဟုတ်ပါ Cycle Per Second ( cps ) ကသာ ယူနစ်အမှန်ဖြစ်ပါသည်။ Hertz ဖြစ်လာပုံမှာ ဂျာမန်ရူပဗေဒပညာရှင် Heinrich Hertz ဆိုတဲ့ ပုဂ္ဂိုလ်က Frequency နဲ့ ရေဒီယိုလှိုင်းတွေကို ရှာဖွေတွေ့ရှိပြီး အသံလွှင့်၊ အသံဖမ်းတာကို ပထမဦးဆုံး ပြုလုပ်ခဲ့သူဖြစ်တယ် ဒါကြောင့် ၄င်းပညာရှင်ကိုဂုဏ်ပြုတဲ့အနေနဲ့ နောက်ပိုင်း Frequency Unit ကို ( Hz ) ကိုအသုံးပြုလာကြပါတယ်။)
ာကြောင့်လဲဆိုတော့ နောင်လာမယ့် မျိုးဆက်သစ်အတွက် အရမ်းအန္ကရာယ်များတဲ့ အပြင် ကမ္ဘာကြီးတစ်ခုလုံးပင် ပျက်စီးသွားစေနိုင်တဲ့ အချက်ဖြစ်ပါတယ်။ အဲဒါဟာ WiFi Radio Wave များသည် သစ်ပင်များကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ အချက်တစ်ခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကို သိပ္ပံပညာရှင်များက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ WiFi network ကို အထူးပြုလေ့လာရေးအဖွဲ့တွေရဲ့ သုတေသန စာတမ်းတွေမှာတော့ wifi ဟာ သူ့ကွန်ယက်အတွင်းမှာရှိတဲ့ သစ်ပင်တွေကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ အချက်ကို အတည်ပြုပြောဆိုနေကြပါပြီ။ အခုလို အခြေအနေမှာ နှစ်အနည်းငယ်စောင့်ကြည့်ရုံက လွဲပြီး ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဖြစ်ခဲ့ရင် Wi-Fi နေရာအစားထိုးဖို့ နည်းပညာအသစ်ကို ရှာဖွေစမ်းသပ်ဖို့ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ဆက်လက်ဖတ်ရန်နှိပ်ပါ
ကျွန်တော်၏ပြဿနာအချို့ နှင့် အင်တာနက်နှင့်ဝေးခြင်း
Phoekhwar(ဖိုးခွါး) | 11:23 PM |
ကျွန်တော်၏ပြဿနာအချို့ နှင့် အင်တာနက်နှင့်ဝေးခြင်း
ကျွန်တော်သင်္ကြန်မတိုင်ခင်တည်းက မြစ်ကြီးနားကိုနာရေးကိစ္စဖြင့်ပြန်သွားလိုက်ရတယ်ဗျာ(ညီသေသွားလို့)...သင်္ကြန်လည်ရောက်ရော် သားတော်မောင်က ၀မ်းလျှော့လိုက်ပါသဖြင့်ဆေးရုံတင်လိုက်ရတယ် ၁၀-ရက် ကြာတယ်ဗျာ
အင်တာနက်ကိုမသုံးဖြင့်တော့ ရေးထားတဲ့ Posts တွေတောင်းမတင်နိုင်ဘူး ( တင်မလို အင်တာနက်ကို ကိုင်ပြန်တော မ.က.န အင်တာနက်က စိတ်ကျေနပ်စရာမရှိဘူးဗျာ)ဒါကြောင့် ကျွန်တော်ဆိုဒ်ကိုလာလည်တဲ့သူငယ်ချင်းများကိုတောင်းပန်အပ်ပါတယ်။
ကျွန်တော်အခု အင်တာနက်ပြန်သုံးနေပါသဖြင့် စုစည်းဖော်ပြ သွားမည့်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ခင်များ( ကျေးဇူးတင်လျှက် ....မနော်မြေ)
ဆက်လက်ဖတ်ရန်နှိပ်ပါ
ဆက်လက်ဖတ်ရန်နှိပ်ပါ