Thursday, February 7, 2013

Social Networking နှင့် ဖိုးဖိုး၊ဖွားဖွား

Phoekhwar(ဖိုးခွါး) | 9:36 PM |

Social Networking ဘယ်ကစ

  • အများသူငါ သုံးစွဲနေကြတဲ့ Facebook သုံးမှပဲ Social Networking ဖြစ်ရတော့မှာလား။ ဟိုးရှေးပဝေသဏီကတည်းက ရှိလာခဲ့ကြတဲ့ လူမှုအဖွဲ့အစည်းတွေကတော့ Social Network တွေမဟုတ်ဘူးလား။
  • ( နည်းပညာတွေသုံးပြီး Internet နဲ့ ဆက်သွယ်မှပဲ Communication ဖြစ်ရောလား)
  • တစ်ရွာနဲ့ တစ်ရွာ အုန်းမောင်းခေါက် အချက်ပေးတာတွေ၊ မီးခိုးနဲ့ အချက်ပြတာတွေကရော Communication မဖြစ်ရတော့ဘူးလား။
( ပြောင်းလဲလာတဲ့ ဆက်သွယ်မှုပုံစံတွေပေါ်လိုက်ပြီး လူသားတွေရဲ့ အစုအဖွဲ့ပုံစံတွေကလည်း လိုက်ပါပြောင်းလဲ လာရပါတယ်။ အရင်လိုမျိုး တစ်ရွာတည်း၊ တစ်မြို့တည်းမှပဲ အတူရှိနေကြတဲ့ပုံစံကို လွန်ဆန်ပြီး ရေခြားမြေခြားဆိုတဲ့ ကန့်သတ်ချက် အတားအဆီးတွေကို လွန်မြောက်သွားတဲ့ အစုအဖွဲ့ပုံစံတွေ ဖြစ်သွားပါပြီ။)
ဒီနေ့ Internet ခေတ်မှာ မွေးဖွားလာသူတွေ အဖို့တော့ အထူးဆန်းမဟုတ်ပေမယ့် အဖေတို့၊ အမေတို့ ခေတ်နဲ့ ယှဉ်ရင်တော့ အတော်လေးမျက်စိစပါးမွေး စူးချင်စရာ ဖြစ်ရပါတယ်။ယနေ့အဖေ၊အမေတိုကဘာပြော မှတ်တယ်သိလား......?

လူချင်းမတွေ့ဖူးဘဲ နဲ့များ သူငယ်ချင်း (သို့မဟုတ်) ချစ်သူတွေ ဖြစ်သလားတဲ့ ဆိုတာတွေ မကြားချင်မှ အဆုံးပါ။

မိဘတို့ရဲ့ဓမ္မတာ ချစ်ခြင်းမေတ္တာစိတ်ကြောင့် ကိုယ့်သားသမီးလေး မဖြစ်သင့်တာ မဖြစ်ရအောင် တားမြစ်တဲ့ သဘောဝပါ။
အဲဒီတော့ Internet ဆိုတဲ့ Social Network ကြီးကို ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားပြီး ဘယ်လိုများ အကျိုးရှိရှိ သုံးလို့ရနိုင်ပါ့မလဲလို့စဉ်းစားပြီးအသုံးပြုကြပါစို့နော်......

No comments:

Post a Comment