BIOS & CMOS SETUP
Youth Network Services Center
(BIOS & CMOS) ဘိုင်အို့နှင့် စီမော့(စ်) သည် ကွန်ပျူတာစနစ်၏ အသွင်အပြင်များ (Configuration) လျှပ်စစ်ဓါတ်အားကို မိမိအလိုရှိသလို စီစဉ်နိုင်ရန် (Power-Management) အစရှိသည်တို့ကို ပြုပြင်နိုင်ရန် အသုံးပြုရသော ပရိုဂရမ်တစ်ခုဖြစ်ပါသည်။ ၄င်းပရိုဂရမ်သို့ ၀င်ရောက်ရန် ကွန်ပျူတာ၏ မာသားဘုတ်အမျိုးမျိုးလိုက်ကွဲပြာမှုရှိပါတယ်။ တချို့ကွန်ပျူတာစနစ်တွင် ( Press "Del" to Enter Setup ) ဟူသော အသိပေး စာတမ်းပေါ်လာချိန် "Del" ခလုပ်ကိုနှိပ်ပေးရပါသည်။
၎င်းတွင် မီနူးဘား ( Menu Bar ) တစ်ခုပါပြီး ၄င်းပေါ်တွင် မီနူး ခေါင်းစဉ်များသည် မိမိ၏ Motherboard အမျိုးအစားအလိုက်ပါရှိပါသည်။
ဥပမာ ခေါင်းစဉ် ( ၅ ) ခုပါရှိပါသည်။
- Main
- Advanced
- Power
- Boot
- Exit တို့ဖြစ်ကြပါသည်။
- Main
Main မီနူးသည် စနစ် အချိန်၊ နေ့စွဲ ။ ဟာ့ဒ်ဒစ် အစရှိသည်တို့ကို ပြောင်းလဲလုပ်ရန် ဖြစ်ပါသည်။
AdvancedAdvanced သည် စီပီယူအမြန်နှုန်း၊ မှတ်ဥာဏ် (Memory) အစရှိသည်တို့ကို ပြောင်းလဲမှု ပြုလုပ်နိုင်ရန်ဖြစ်သည်။
PowerPower သည် ဟာ့ဒ်ဒစ်နှင့်ပြစက် မှန်ပြင်(Monitor) တို့၏ လျှပ်စစ် ဓါတ်အားသုံးစွဲမှုကို ချိန်ညှိနိုင်ရန်ဖြစ်ပါသည်။
BootBoot သည် စက်နှိုးအစီအစဉ် (Boot Sequence ) ကိုမိမိ စိတ်ကြိုက် ရွေးချယ်သတ်မှတ်နိုင်ရန် ဖြစ်ပါသည်။
ExitExit သည် အထက်ပါတို့အား မိမိစတ်ကြိုက်ရွေးချယ်မှု ပြုပြီးသော အခါ မှတ်ဥာဏ်တွင် သိမ်းရန်နှင့် စီမော့စ်မှ ထွက်ရန်ဖြစ်ပါသည်။
No comments:
Post a Comment