- ပထမဆုံး (Swap File ) ကို စစ်ဆေးသင့်ပါသည်။ Safe mode ဖြင့်စက်နှိုး၍ Virtual ကို လုပ်ခွင့်မပြု ( Disabled ) လုပ်ထားပါ။ (စက်ပြန်နှိုးပါ) Swap File သည်ပြဿနာဖြစ်ပေါ် စေသောအရာဖြစ်ပါက စနစ်သည် ပုံမှန်အတိုင်း စက်နှိုးမည်။ သို့သော် နှေးကွေးကောင်း နှေးကွေးနိုင်ပါသည် (Swap file) ကို လုပ်ခွင့်ပြု (Enable) တွင်ထား၍ စက်ပြန်နှိုးပါ။
ပထမတစ်ခုကြောင့် မဟုတ်ပါက Boot Menu (စက်နှိုးစဉ်ဇယား) မှ step-by-step confirmation ဖြင့်စက်နှိုး ရမည်။ ထို့နောက်အောက်ပါ တို့ကို တစ်ခုခြင်းစစ်ဆေးကြည့်ပါ။
Back up (အရံအဖြစ်) သိမ်းထားသော ရက်ဂျစ်စထရီ ကို Copy ကို ပြန်လည်ထည့်သွင်းရန် လိုအပ်နိုင်ပါသည်။ Back up လုပ်ထားသော ရီဂျစ်စထရီမိတ္တူသည် ကွန်ပျူတာစနစ် ကောင်းစွာအလုပ်လုပ်စဉ်က လုပ်ထားသောမိတ္တူ ဖြစ်ရပါမည်။ Backup လုပ်ထားသောဖိုင်မရှိပါက SYSTEM.DATနှင့် USER.DAT ဖြင့် အစားထိုးပါ။၎င်းဖိုင်သည် ကွယ်ဝှက် (hidden)နှင့် ဖတ်ရုံသာဖတ် (ပြင်ဆင်၍မရ) (Read Only) လုပ်ထားလေ့ရှိသည်။၎င်း(hidden) နှင့် (ReadOnly)တို့ကို ဖယ်ရှားရန် Command Prompt မှ အောက်ပါအတိုင်း လုပ်ဆောင်ပါ။
C:\attrib -a -r -s -h C:\Windows\System\*.dat copy C:\Windows\System\*.da0 Windows\System\*.dat မှတ်ချက်။ ။ Windows 98 ဖြစ်ပါက Startup disk ဖြင့်စက်နှိုး၍ Windows Registry Chacker ကိုလုပ်ဆောင်ပါ။ A:\မှ အောက်ပါ အမိန့်ပေးစာတန်းကိုရိုက်ထည့်ပါ။
C:\Windows\Command\Scanreg/fix စက်ပြန်နှိုးပါ။ ရယ်ဂျစ်စထရီကြောင့် ဖြစ်သောပြဿနာဖြစ်ပါက ပုံမှန်အတိုင်းစက်နှိုး၍ ရသွားပါမည်။
Resource Conflicts ကြောင့်လည်း ဂရပ်ဖစ်(GUI) သို့စက်နှိုးမရသော ပြဿနာဖြစ်ပေါ် လာနိုင်သည်။ Sagemode ဖြင့်စက်နှိုး၍ Device Manager တွင်စစ်ဆေးကြည့်ပါက ၄င်းပြဿနာကို သိရှိနိုင်ပါသည်။ ယခင်ပြဿနာကဲ့သို့ပင် ပြင်ဆင်နိုင်ပါသည်။
စက်ကရိယာပစ္စည်း မောင်းနှင်ပရိုဂရမ် အလုပ်မလုပ်သော (bad driver) ကြောင့်လည်း ဖြစ်နိုင်ပါသည်။ Safe mode ဖြင့် စက်နှိုး၍ (ASD:Automoatic Skip Driver) ကိုအသုံးပြုပါ။ Accessories/System information/Tools တွင်လည်းကောင်း Start/Run မှ တစ်ဆင့် (ASD)ကိုရိုက်ထည့်၍ ၄င်းတွေ့မြင်နိုင်ပါသည်။ မောင်းနှင်ပရိုဂရမ် (Driver)ကြောင့်ဖြစ်သော ပြဿနာဖြစ်ပါက လုပ်ဆောင်ချက်ကြောင့်ဖြစ်သော ပြဿနာပြေလည်သွားမည်ဖြစ်ပါသည်။
Lockups/Reboots
၎င်းError Messages ကိုအုပ်စု (၂) စုခွဲနိုင်ပါသည်။ - ပထမအုပ်စုမှာ - ပစ္စည်းအသစ် (သို့မဟတု) ပရိုပရမ်တစ်ခု ထည့်သွင်းပြီးသောအခါ ဖြစ်ပေါ်တတ်သည့် ပရိုဂရမ် အချင်းချင်း တွဲဖက်သုံးစွဲနိုင်မှု (ဆီလျော်ညီညွတ်မှု မရှိခြင်း)(Software version incompatibilities)(သို့မဟုတ်)Resource Conflicts ကြောင့်ဖြစ်နိုင်သည်။
- ဒုတိယအုပ်စုမှာ "မည်သည့်နေရာမှ ဖြစ်ပေါ်သည်ဟု အမည်မတပ်နိုင်သော်(clockups from nowhere) ဖြစ်ပါသည်။ဗိုင်းရပ်ကြောင့်လည်းကောင်း၊စက်ကိရိယာ ပိုင်းဆိုင်ရာပြဿနာ (Hardware Problem)ကြောင့်လည်းကောင်းဖြစ်နိုင်ပါသည်။ အထူးသဖြင့် ပါဝါဆပ်ပလိုင်းမှတ်ဥာဏ်(RAM)၊ဟာဒ့်ဒစ် တစ်ခုခုကြောင့် ဖြစ်နိုင်ပါသည်။ပြဿနာ ပြေလည်သည်အထိ စမ်းသပ်အစားထိုး (test/replace) လုပ်ရပါသည်။
အလိုအလျောက်စက်ပြန်နှိုးခြင်း (spontaneous reboots ) သည် ဗိုင်းရပ်(သို့)စက်ကိရိယာပိုင်း ဆိုင်ရာကြောင့် ဖြစ်နိုင်ပါသည်။ ပါဝါဆပ်ပလိုင်းကို ဦးစွာစစ်ဆေးပါ။ ပြီးနောက် စီပီယူ ကိုစစ်ဆေးပါ။ အပူအလွန်ထွက်သော စီပီယူသည် အလိုအလျောက်စက်ပြန်နှိုးလေ့ရှိပါသည်။ စီပီယူ၏ ပန်ကာကောင်းမွန်စွာ လည်ပတ်မှု ရှိစေသင့်ပါသည်။
Fatal Exception Error
ဝင်းဒိုးတွင်မပါရှိသော ချွတ်ယွင်းချက် (Error) တစ်မျိုးမျိုးကို ပို့လွှတ်သည့်ပရိုဂရမ် (Software) (သို့မဟုတ်) ပစ္စည်းကိရိယာ (Hardware) ကြောင့် (Fatal exception Error ) ဖြစ်ပေါ်သည်။ ပရိုဂရမ်အသစ် (သို့မဟုတ်) ပစ္စသည်းအသစ်ကြောင့်ဖြစ်ပေါ်ပါက၄င်းပစ္စည်း (သို့မဟုတ်) ပရိုဂရမ်ကို (Uninstall) ဖြုတ်ပါ။
Shutdown Problem
(Shutdown Problem) စက်ပိတ်သောအခါ ဖြစ်ပေါ်သောပြဿနာများသည် Startup issuer စက်နှိုးသောအခါ ဖြစ်ပေါ်သော ပြဿာနာများနှင့် ဆင်တူသည်။ ချို့ယွင်းသော မောင်းနှင်ပရိုဂရမ် ၊ မကောင်းသော ရယ်ဂျစ်စထရီ (Bad Registry) ချို့ယွင်းသော Page Files (Faulty Page Files) များအားလုံးကြောင့် Shutdown Problems ဖြစ်ပေါ်နိုင်ပါသည်။
No comments:
Post a Comment