Friday, March 1, 2013

CCTV ဆိုတာ ?

Phoekhwar(ဖိုးခွါး) | 3:10 AM |

Youth Network Services Center CCTV ဆိုတာ ဘာလဲ ..?
CCTV ဆိုတာကို အင်္ဂလိပ်လို Closed Circuit Television လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ပတ်လမ်းပိတ်ရုပ်သံစနစ်ပါ။ ဆိုလိုတာက .. ကျွန်တော်တို့ သာမာန်ကြည့်နေတဲ့ ရုပ်သံစနစ်တွေက တစ်နေရာကနေထုတ်လွှင့်ပြီး မည်သူမဆို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ CCTV ကတော့ တစ်နေရာကဖမ်းယူထားတာကို တစ်နေရာတည်းကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောပါ။
>CCTV ကို ဘာအတွက် အသုံးပြုကြသလဲ ?
CCTV ကို လုံခြုံရေးကင်မရာအဖြစ် လူသိများကြပါတယ်။ စောင့်ကြည့်ကင်မရာအဖြစ်အသုံးပြုပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်လုံခြုံရေးအတွက်အသုံးပြုကြသလို၊ အလုပ်ရုံများ၊ ကုမ္မဏီ ရုံးခန်းတွေမှာလည်း ၀န်ထမ်း စည်းကမ်းထိန်းသိမ်းရေးအတွက် စောင့်ကြည့်သည့်အနေဖြင့် အသုံးပြုကြပါတယ်။ အချို့သော အငြင်းပွားဖွယ်ကိစ္စရပ်တွေမှာလည်း CCTV ရဲ့ ဆုံးဖြတ်ချက်ကို ရယူဆောင်ရွက်ကြပါတယ်။
CCTV ကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြသလဲ ?
CCTV ကို စက်ရုံ၊ အလုပ်ရုံ၊ ကုမ္မဏီ၊ ရုံးခန်း၊ အရောင်းပြခန်း၊ ဈေးဆိုင်ခန်း၊ ဆေးရုံ၊ ဆေးခန်း၊ ရွှေဆိုင်၊ စတိုးဆိုင်၊ အပေါင်ဆိုင်၊ နေအိမ်၊ ခြံဝန်း စသည်ဖြင့် နေရာစုံမှာ အသုံးပြုနေကြပါတယ်။ တန်ဖိုးကြီးပစ္စည်းရောင်းချသည့်နေရာများ၊ လူဝင်လူထွက်များသည့်နေရာများ၊ လုံခြုံရေးအထူးလိုအပ်သည့်နေရာများ၊ အ၀င်အထွက်မှတ်တမ်းတင်ရန် လိုအပ်သည့်နေရာတိုင်းတွင် အသုံးပြုသင့်ပါသည်။
CCTV အသုံးပြုခြင်းဖြင့် မည်သည့် အကျိုးများရရှိနိုင်သလဲ ?
CCTV အသုံးပြုခြင်းဖြင့် သူခိုး၊ ဓါးပြ စသည်ဖြင့် ခိုးဆိုးလုယက်သူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်နိုင်သလို၊ မိမိရဲ့ အသက်ကို အန္တရာယ်ပြုမည့်သူများ၏ ဘေးမှလည်း ကာကွယ်နိုင်ပါသည်။ ထို့ပြင် အမှုအခင်းများတွင် တရားခံဖော်ထုတ်နိုင် ရန်အတွက် များစွာ အထောက်အကူ ဖြစ်စေပါသည်။ ၀န်းထမ်းများ၏ စည်းကမ်းဖောက်ဖျက်ခြင်းကို တိတိကျကျအရေးယူဆောင်ရွက်နိုင်သလို လုပ်ငန်းခွင်အတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းကိုလည်း ဖော်ထုတ်အရေးယူနိုင်မှာ ဖြစ်ပါတယ်။
CCTV တပ်ဆင်ရန် မည်မျှ ကုန်ကျနိုင်သလဲ ?
မိမိတပ်ဆင်လိုသည့် အရေအတွက်ပေါ် မူတည်ပြီး ကုန်ကျနိုင်ပါသည်။ သို့သော် .. ယခုအခါ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ .. လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်လာခြင်း၊ မိမိအသုံးလိုရာ ရွေးချယ်ဝယ်ယူနိုင်ခြင်း .. စသည်တို့ကြောင့် ကုန်ကျစရိတ်မှာ များစွာသက်သာလာပြီး ပစ္စည်းအရည်အသွေးများမှာလည်း တိုးတက်ကောင်းမွန်လာပါသည်။

No comments:

Post a Comment